Pt.21

497 102 64
                                    

ဂျိန်းခနဲပိတ်သွားသည့် ကင်မ်အိမ်တော်၏ မြင့်မားလှသောသံပန်းတံခါးမကြီးကို လည်ပြန်လှည့်ကြည့်နေရင်း တရွေ့ရွေ့မောင်း၀င်လာသည့် ထယ်ယောင်းတို့၏ကားပေါ် ဆော့ဂျင်ပါလာသည်....

ခု သူက ထယ်ယောင်းနဲ့အတူ ကင်မ်အိမ်တော်ကို လိုက်လာတာ....

ဆိုးလ်မြို့လယ်ခေါင်နှင့်ခပ်ဝေးဝေး  လူချမ်းသာများသာနေထိုင်ရာ ဆိတ်ငြိမ်ရပ်ကွက်မှာတည်ရှိသည့် ကင်မ်အိမ်တော်သည် ကြီးကျယ်ခမ်းနားလှသည့်အိမ်ကြီး ဖြစ်သည့်အပြင် အနောက်မှာပါ ရေအိုင်ကြီးရယ်၊  တောအုပ်စိမ်းစိမ်းစိုစိုတွေရှိသောကြောင့် အကျယ်အ၀န်းကတော့ မနည်းလှပေ...

ခြံဂိတ်‌ပေါက်၀ သံပန်းတံခါးကြီးကနေတောင် ကားမောင်းလာလျှင် အတော်လေးမောင်း၀င်လာရသည့် အကွာအဝေးဖြစ်သလို  မောင်းနှင်လာသည့်လမ်းတလျှောက် အလှစိုက်ထားသည့် ပန်းပင်များ၊ ရေသူမရုပ်ထုရှိရာ ရေပန်းအပါအ၀င် တန်ဖိုးကြီးမှန်းသိသာလှသည့် အလှဆင်လမ်းမီးတိုင်များက ဘေးဘီ၀ဲယာတလျှောက် ကြွကြွရွရွ....

တနေကုန်မအားသည်မို့ ညနေမှ ပြောင်းလာဖြစ်တော့ ကင်မ်အိမ်တော်၀င်းထဲ၀င်လာချိန်တွင်  လမ်းဘေးမီးတိုင်များပင် လင်းစပြုနေပြီး အိပ်တန်းတက်ငှက်တချို့၏ အော်မြည်သံများကိုလည်း ကြားနေရပြီ...

ကားပြတင်းပေါက်မှမြင်ကွင်းများကို ငေးရင်းလိုက်လာသည့်ဆော့ဂျင်သည် ကင်မ်အိမ်တော်ကြီးနှင့်နီးလာတော့ ရုတ်တရက် ထိုးအူလိုက်သည့် ခွေးအူသံတချို့နှင့်အတူ  အနောက်ဖက်တောအုပ်မှ အလန့်တကြား ထပျံသွားကြသော ကျီးကန်းများ၏ တအာအာအော်သံကြောင့် အနည်းငယ် လန့်သလိုဖြစ်သွားရသည်...

လန့်သွားတာရဲ့နောက်ဆက်တွဲက ခံစားချက်မကောင်းသလိုပါ ဖြစ်သွားတာမို့  ချက်ချင်းကိုအေးစက်သွားသည့် သူ့လက်များကြောင့် ထယ်ယောင်းက လှည့်ကြည့်လာကာ...

"ဘာဖြစ်လို့လဲ ဂျင်"

တလမ်းလုံးဆုပ်ကိုင်လာလို့ နွေးနေသည့်ဆော့ဂျင်၏လက်လေးက ရေခဲရိုက်သွားသလို အေးသွားတာမို့ ထယ်ယောင်းမျက်မှောင်ကျုံ့ရင်းမေးလိုက်တာ...

𝐊ɪᴍWhere stories live. Discover now