အဆင်မပြေမှုတချို့ဖြင့် စတင်ခဲ့သည့် ဆော့ဂျင်၏ကင်မ်အိမ်တော်၌နေထိုင်မှုပုံစံသည် ရက်သတ္တပတ်အချို့ ကြာသွားသော်လည်း ကောင်းမွန်သည့်အနေအထားသို့ မတိုးတက်လာခဲ့ပေ...
မနက်ဖက်အလုပ်သွားကြလျှင် ခါတိုင်းလို သူနှင့်ထယ်ယောင်း နှစ်ဦးတည်းမဟုတ်တော့ပဲ ကားပေါ်မှာ Mr Kimပါ, ပါလာသည်မို့ ဆော့ဂျင်က အလိုက်သတိဖြင့် အရှေ့ခန်းမှသာ လိုက်စီးဖြစ်သည်... Mr Kim ကို အရှေ့ခန်းမှာ ကားမောင်းသူဘေးကနေ ထိုင်စီးခိုင်းပြီး သူကနောက်ခန်းမှာ ထယ်ယောင်းနဲ့တွတ်ထိုးနေလို့မှ မသင့်တော်ပဲလေ...
ထယ်ယောင်းက ပထမတော့ သဘောမတူသော်လည်း အငြိုငြင်မခံချင်သည့်ဆော့ဂျင်ကြောင့် အောင့်သက်သက်ဖြင့် လက်ခံလိုက်ရသည်...
ဆော့ဂျင်အတွက်လည်း စိတ်က သက်တောင့်သက်သာရှိနေသည်တော့ မဟုတ်ပေ... တတ်နိုင်လျှင် သူ့ဟာသူ အဆင်ပြေသလိုသာ ရုံးကိုသွားလိုက်ချင်သည်... သို့ရာတွင် ထယ်ယောင်းက သူ,မပါပဲလုံး၀မလွတ်...
Kim သားအဖနှင့် ကားအတူစီးရသည်မှာ ရင်တထိတ်ထိတ်နှင့် စိတ်ကျဥ်းကျပ်လှသည်... တစ်လမ်းလုံး စကားတစ်ခွန်းမှမပြောဖြစ်သည့်အပြင် မယဥ်ကျေးရာကျမှာစိုးသည်မို့ ဖုန်းပင်မကြည့်ပဲ ကားထဲတွင်သံပတ်ရုပ်သဖွယ် ထိုင်သွားလေ့ရှိသည့်ဆော့ဂျင်သည် ရုံးရောက်မှ အသက်ကို၀၀ရှူရသလို...
အိမ်မှာ ထမင်းလက်ဆုံစားကြလျှင်လည်း အိမ်တော်ထိန်းကြီးက ၂ကြိမ်ခွဲပြီး စီစဉ်ပေးရလေ့ရှိသည်... Mr Kim နှင့် Lee Honey တို့သားအမိက သပ်သပ်၊ သူနှင့်ထယ်ယောင်းက သပ်သပ်စားတာမို့...
ဒါကတော့ သူတောင်းဆိုတာမဟုတ်ပေ၊ ထယ်ယောင်းကိုယ်တိုင်ကိုက ခါးခါးသီးသီးဖြစ်နေတာမို့ လူစုံအတူမစားကြတာ...
တစ်အိမ်တည်းမှာနေပြီး နှစ်ဂိုဏ်းကွဲနေသလို ပုံစံကြီးက မဖြစ်သင့်ပေမဲ့ ဒါက သူတို့မိသားစုရဲ့ နေထိုင်မှုပုံစံဆိုတော့ သူ ဘာများပြောလို့ရမလဲ... သူကိုယ်တိုင်လည်း Lee Honey တို့သားအမိ၏စိတ်ထားကို တဖြည်းဖြည်းပိုသိလာသည်မို့ ထယ်ယောင်းကို ဒီထက်ပိုပြီး အာရုံမနောက်စေချင်...
YOU ARE READING
𝐊ɪᴍ
Fanfictionဒီဓါတ်ပုံထဲကောင်လေးကို ရအောင်ရှာ၊ ဘယ်လိုနည်းနဲ့မဆို ခေါ်ခဲ့။ တစ်ခုပဲ မှဲ့တစ်ပေါက်တော့မစွန်းစေနဲ့။ [taejin] Start : 25.10.2023 End :