Pt.25

554 100 141
                                    

ကားနဲ့ပြန်ရင်ကြာမှာစိုးလို့ ကုမ္မဏီမှာ တစ်စီးအသင့်ရှိနေတဲ့ဆိုင်ကယ်ကို ယူပြီးမောင်းထွက်လာတဲ့ထယ်ယောင်းဟာ အိမ်မှာရှိတဲ့လူတွေကိုလှမ်းပြောတာက တစ်ခွန်းတည်း...

📱ဆော့ဂျင်တစ်ခုခုဖြစ်ရင် အိမ်ကလူတွေ အကုန်လုံးကို အဲ့ဒီရေကန်ထဲမှာ နှစ်သတ်မယ်

ပုံမှန် ကားနဲ့ပြန်ရင် ၁နာရီကျော်ခရီးကို နာရီ၀က်မပြည့်ခင် မီးနီများအားလုံး ဖြတ်မောင်းပြီးပြန်လာခဲ့သောကြောင့် အနောက်မှလိုက်လာသော ယာဥ်ထိန်းရဲကားများက  တသီတတန်း...

သို့သော် ကင်မ်အိမ်တော်ဂိတ်၀သို့ရောက်တော့ ထယ်ယောင်း၀င်လာပြီးသည်နှင့်တပြိုင်နက် ပိတ်သွားသည့် မြင့်မားလှသော သံပန်းတံခါးကြီးကြောင့် တောက်တခေါက်ခေါက်ဖြင့်သာ ရုံးချုပ်ကိုပြန်၍ အစီရင်ခံစာရေးပြီး ဆင့်ခေါ်ဖို့လုပ်ရတော့မည်...

ကျွီ !!

အရှိန်ပြင်းပြင်းဖြင့်ထိုးဆိုက်လာသည့် ထယ်ယောင်း၏ဆိုင်ကယ်သည် ကင်မ်အိမ်တော် ၏ဆင်၀င်အောက်၌ ရပ်သွားသော်လည်း  စက်ပင်မသတ်နိုင်ပဲ ၀ုန်းခနဲ ပစ်လှဲချလိုက်ကာ အိမ်ထဲသို့ သူ အလျင်စလိုပြေး၀င်သွားလေသည်..

ဂျင်.. ဂျင် !!

အိမ်အောက်ထပ်ဧည့်ခန်းမှ အိမ်အကူတချို့က အလန့်တကြားဖြင့် အပေါ်ထပ်ကို လက်ဖြင့်ညွှန်ပြတော့ သူ အိမ်ပေါ်ထပ်ကို ပြေးတက်သွားသည်...

ဂျင် !!

သူတို့၏အိပ်ခန်း၀တွင် စုရုံးစုရုံးလုပ်နေကြသည့် အိမ်ကအလုပ်သမားများ သူ့ကိုမြင်တော့ ဘေးကို အလျင်အမြန်ကပ်ပေးကြကာ  လမ်းဖယ်ပေးလိုက်သည်...

အိပ်ခန်းထဲရောက်တော့ အိမ်တော်ထိန်းကြီးရယ်၊ သူတို့ရဲ့မိသားစုဆရာ၀န်ရယ်၊ အကူနာ့စ်ရယ်က ကုတင်ဘေးနားမှာ...

ကုတင်ပေါ်မှာတော့ ရေတွေစိုရွှဲနေဆဲ ဆော့ဂျင်ရယ်လေ...

ကင်မ်ဆော့ဂျင် !!

လေအလျင်လို ကုတင်ဘေးနားပြေးကပ်သွားပြီး ဆွဲထူလိုက်တော့ ညှီစို့စို့ရေပုပ်နံ့ဖြင့် စိုအိနေသည့်ဆော့ဂျင်က ပျော့ဖတ်ပြီး သူ့လက်ထဲပါလာတာ....

𝐊ɪᴍWhere stories live. Discover now