Pt.29

474 85 182
                                    

ထယ်ယောင်းတို့သားအဖ ကုမ္မဏီသို့သွားနေသောလမ်းပေါ်၌...

Mr Kim နှင့် ကားပေါ်တွင် အလုပ်ကိစ္စ အနည်းငယ်ပြောပြီး ထယ်ယောင်း ဖုန်းကို သတိတရဖွင့်ကြည့်လိုက်ကာ အိမ်က CCTV များကို ချိတ်ဆက်ထားသည့် App အား ဖွင့်နေသည်...

*ဟင်*

ဆော့ဂျင်ကို ခါတိုင်းလို အိပ်ခန်းထဲမှာမတွေ့တာမို့ သူမျက်မှောင်ကျုံ့မိရင်း အခြားနေရာများရှိ CCTVများကို လိုက်ကြည့်နေသည်...

ဘယ်မှာမှ မရှိ...

လွန်ခဲ့‌သော၅မိနစ်လောက်က CCTV recording ကို ပြန်ရစ်ကြည့်နေရင်း တဖက်ကလည်း အိမ်တော်ထိန်းကြီး၏ဖုန်းကို  မရပ်မနားခေါ်နေမိသည်... အခုကျမှ အိမ်တော်ထိန်းကြီးကလည်း ဖုန်းဖြေဖို့ ကြာလိုက်တာ...

"ကားကို ခုချက်ချင်းပြန်လှည့်"

"ဗျာ"

ထယ်ယောင်း၏အမိန့်သံကြောင့် ဆူဘင်း  အူကြောင်ကြောင်ဖြစ်သွားစဥ်...

"ဘာအရူးထနေတာလဲ ကင်မ်ထယ်ယောင်း"

Mr Kim ၏ငေါက်ငမ်းသံပါ တဆက်တည်းထွက်လာသည်...

"ဟုတ်သားပဲ Appa ပါနေတာ"

ခုမှ ကားပေါ်မှာ သူ့အဖေပါလာမှန်း သတိရသွားသလို ထယ်ယောင်းသည်...

"Appa က အနောက်ကကားနဲ့ ကုမ္မဏီကို ဆက်သွားလိုက် Ok?"

သူတို့စီးနေသည့်ကားကို အရှေ့တစ်စီး၊  အနောက်တစ်စီး ခြံရံမောင်းနှင်လာသည့်အခြားကားများ ရှိသေးသည်မို့ Mr Kimကိုထိုကားများအနက်မှတစ်စီးဖြင့် ကုမ္မဏီသို့ ဆက်သွားရန် ထယ်ယောင်းပြောလိုက်ပြီး ယခုစီးနေသည့်ကားကိုတော့ လမ်းဘေးထိုးရပ်ခိုင်းလိုက်သည်...

"မင်း-"

မနက်စောစောစီးစီး ဒေါသပုန်ထရသည့် Mr Kim သည် ကုမ္မဏီကိုလည်း မသွားလို့မဖြစ်သည်မို့ မျက်နှာကြီးတင်းမာလျက်သာ ကားပေါ်က‌နေဆင်းလိုက်ရလေသည်...

"အိမ်ကိုအမြန်မောင်း"

ကားတံခါးတောင် သေချာပြန်မပိတ်နိုင်ခင်  ထယ်ယောင်း၏အမိန့်သံကြောင့် ဆူဘင်းမှာ  ကားကို ကင်မ်အိမ်တော်သို့ ဒုန်းစိုင်းမောင်းရလေသည်...

𝐊ɪᴍWhere stories live. Discover now