Pt.26

502 96 78
                                    

ကင်မ်အိမ်တော်၏ခြံနောက်ဖက်ရှိရေကန်ကို အကာတစ်ခုခုလုပ်ရန် လာကြည့်နေသည့်အိမ်တော်ထိန်းကြီးသည် သူ့ကို အပြေးလာခေါ်ကြ‌သောအိမ်အကူများကြောင့် အိမ်တော်ရှိရာဆီ မပြေးရုံတမယ် ခပ်သွက်သွက်လျှောက်ရလေသည်...

"ဘုရားသိကြားမ,လို့ ဘာမှ ဆိုးဆိုးရွားရွားမဖြစ်ပါစေနဲ့"

အိမ်တော်ထိန်းကြီး၏ဆုတောင်း မပြည့်ဟုပြောရမည်...

ကမ္ဘာပျက်သလို ပွက်လောရိုက်နေသည့် မီးဖိုဆောင်မှအသံများက ဆူညံနေကာ ဘွားခနဲ သူမြင်လိုက်ရသည့်မြင်ကွင်းကလည်း တကယ့်အနိဠာရုံ...

မျက်နှာတွေ၊ လည်ပင်းတွေကို ကြော်ခံထားရသလို အရေပြားတွေလောင်ပြီး ကွာကျနေသည့်လူများက အထပ်လိုက် ပြိုလဲနေတာ...

ထိုထက်ဆိုးတာက ပုံနေသည့်လူအုပ်ကြီး၏အောက်ဆုံးမှလူကို ထပ်မြင်လိုက်ရတော့ သူ၏နှလုံးမှာ ရင်ဘတ်အပြင်သို့ပင် ခုန်ထွက်လာရသလို...

ဆော့ဂျင်လေး !!

သူ့အော်သံကိုပင်မကြားပဲ မျက်လုံးပြူးလျက် အံကြိတ်နေပြီး ခပ်တောင့်တောင့်ဖြစ်နေသည့်ဆော့ဂျင်သည် အသက်တောင်ရှူနေရဲ့လား...

အပေါ်ကလူတွေကို ဖယ်ကြလေ!! ဘာကြည့်နေကြတာလဲ !!

သူအော်လိုက်တော့မှ ထိုသွေးပျက်ရွံရှာစရာမြင်ကွင်းကို ကြောင်ပြီးကြည့်နေကြသည့် အိမ်ရှိအလုပ်သမားများက ဆော့ဂျင်ကိုဖိမိထားသည့် ညည်းညူနေကြသူများကို ၀ိုင်းဖယ်ကြသည်...

"တစ်ယောက်က မိသားစုဆရာ၀န်ဆီ ဖုန်းအမြန်ဆက်... အကူတွေ တတ်နိုင်သမျှ များများခေါ်ပြီးလာပါလို့ ပြောလိုက်"

နှုတ်မှ တရစပ်ပြောနေရင်း ဆော့ဂျင်ကိုဖိထားသည့်လူများကိုပါ ကူပြီးဖယ်နေတုန်း အိမ်တော်ထိန်းကြီး၏ မျက်လုံးထောင့်တွင် ထယ်ယောင်းကိုမြင်လိုက်သည်...

ခုထိ ဒေါသမ‌ပြေသေးပဲ အတုံးအရုန်းလဲကျညည်းညူနေသည့်သူများကို မီးလျှံထွက်တော့မတတ်မျက်လုံးများဖြင့် ကြည့်နေသည့်ထယ်‌ယောင်းက ထိုလူအုပ်ကြီးအောက်တွင် ဆော့ဂျင်ပိနေသည်ကိုပါ မမြင်နိုင်သည်အထိ...

𝐊ɪᴍWhere stories live. Discover now