Pt.28

468 87 80
                                    

"တော်ပါတော့အကိုရယ်... မွန်ထူနေတာပဲ.. ဆက်မသောက်ပါနဲ့တော့"

အိမ်တော်ထိန်းကြီးမအားလို့ ဆူဘင်းက  ဆော့ဂျင်ဆီကို ညစာလာပို့ပေးနေတာ...

အိပ်ခန်းတံခါးကိုဖွင့်လိုက်တာနဲ့  အလုံးအရင်းလိုက်လိမ့်ထွက်လာတဲ့ မီးခိုးလုံးတွေက  ဆေးလိပ်သောက်နေတာမှဟုတ်ရဲ့လား၊ မသိရင် စက်ရုံမီးခိုးတိုင်ကထွက်လာတဲ့ မီးခိုးငွေ့တွေလား မှတ်ရတယ်.... ‌‌‌

"အဟွတ်... အဟွတ်"

သူ့အသံကြောင့် ဆေးလိပ်သောက်နေရင်း ဆော့ဂျင် သီးသွားပြီးချောင်းထဆိုးလာတော့  ဆူဘင်းခမျာ ညစာဗန်းကို ဘေးကစားပွဲပေါ် အမြန်တင်ပြီး ဆော့ဂျင်၏ကျောကို သွားပြေးပုတ်ပေးရပြန်သည်...

ခဏအကြာမှ ချောင်းဆိုးတာ အနည်းငယ်ငြိမ်ကျသွားပြီး သူ့ကိုမော့ကြည့်လာသည့်ဆော့ဂျင်၏ မျက်လုံးများသည် ချောင်းဆိုးလိုက်လို့ မျက်ရည်ကြည်တွေ၀ိုင်းနေတာလား၊ နဂိုကတည်းက ငိုနေတာများလား...

"ဆူဘင်း"

သူ့အတွေးများ တခဏအတွင်း ဆေးလိပ်ငွေ့များလိုပင်ပျံသွားတော့...

"ဒါနောက်ဆုံးတစ်လိပ်ပဲ"

ပိန်သွယ်သွယ် လက်ညိုးနှင့်လက်ခလယ်ကြားထဲ ညှပ်ထားသည့်ဆေးလိပ်ကို ပြကာ  ပြောနေပြန်သည်...

"ကောင်းတာပေါ့...ဒီတစ်လိပ်ပြီးရင် ညစာစား-"

"နောက်တစ်ဘူး မြန်မြန်သွား၀ယ်ပေးပါဦး"

"အကို..."

"ငါညစာမစားပဲ စောင့်နေမှာမို့ နောက်တစ်ဘူးမြန်မြန်၀ယ်ခဲ့နော်"

ပြောပြီး ဆော့ဂျင်မျက်နှာလွဲသွားကာ လက်ထဲမှဆေးလိပ်ကို တစ်ချက်ဖွာလိုက်သည်မို့ ဆူဘင်း ဘာမှဆက်မပြောနိုင်တော့ပေ...

သူဆက်ပြောလည်း ရမှာမှ,မဟုတ်တာပဲလေ...

~~~~~~~~~~~××××××××××~~~~~~~~~~~

လသာဆောင်မှရပ်ကြည့်နေရင်း လှမ်းမြင်နေရသည့်ညကောင်းကင်ယံက ကြယ်များပင် ပြူထွက်လာတော့ သူ့လက်ထဲကစီးကရက်လေးလည်း မီးပင်သေနေပြီ...

ထပ်လည်းဖွာလို့မရတော့တာမို့ ဆော့ဂျင်  သက်ပြင်းသာချလိုက်ပြီး စီးကရက်မီးသေလေးကို သူ့လက်ထဲမှ လွတ်ချလိုက်သည်...

𝐊ɪᴍWhere stories live. Discover now