Pt.30

550 93 143
                                    

"သမီး ဒီအိမ်မှာမနေနိုင်တော့ဘူး... ဒီလိုဆိုရင်မလုံခြုံဘူး... သိပ်ရှက်ဖို့ကောင်းတာပဲ.. ဟင့် ဟင့်"

သူမအမေ၏ရင်ခွင်ထဲ၀င်ကာ ငိုနေသည့် Lee Honeyသည် ထယ်ယောင်းဖက်က သူမကို ဒီပုံစံဖြင့်တိုက်ခိုက်လာမယ်လို့ကို မထင်ခဲ့တာ...

ဒါပေမဲ့ ဒါတွေဟာ ဟန်လုပ်နေတာမဟုတ်ပဲ တကယ်အဆုံးထိ သွားမဲ့သဘောမှာရှိတယ်ဆိုတာ ထယ်ယောင်း၏မျက်လုံးများနှင့်   စောနကအပြုအမူများအရ သူမသိနေသည်...

မနက်က သူမကို ထယ်‌ယောင်းလာပြောခဲ့တဲ့အတိုင်းပဲ သူမဖာသာ အေးအေးဆေးဆေးမဆင်းသွားရင် သူမကို ဒီအိမ်ကနေ မထွက်,ထွက်သွားအောင် လုပ်ကိုလုပ်မှာ...

"အကို.. အကို ဒီတိုင်းပဲကြည့်နေတော့မှာလား... ကျွန်မသမီးကို ဒီလို စော်ကားဖို့လည်း ကြံတယ်၊ အိမ်ပေါ်ကနေလည်း ဆင်းသွားရအောင်လုပ်တာကို အကို ဒီတိုင်းပဲကြည့်နေတော့မှာလား"

Mr Kim မျက်လုံးများတင်းတင်းမှိတ်ကာ ဦးနှောက်ကို အလျင်အမြန်အလုပ်ပေးလိုက်ရသည်...

Lee Honey နဲ့သူ့သားကြားမှာ ဘာဖြစ်ထားလည်းတော့မသိ၊ ဒါပေမဲ့ သူ့သားက မိန်းမကို ငမ်းငမ်းတက်ကြိုက်တဲ့ ပုံစံမျိုးတော့မဟုတ်။ ဒါဆိုရင် တမင်သက်သက် Lee Honey ကို ကင်မ်အိမ်တော်မှာမနေရအောင်  လုပ်နေတာပဲဖြစ်ရမယ်...

ဒီပုံစံအတိုင်းသာဆို အငြိုးတေးကြီးလှသည့်သူ့သားက Lee Honey ဒီကင်မ်အိမ်တော်ကနေ မထွက်သွားမချင်း မျိုးစုံဒုက္ခပေးမဲ့အပြင် အပျက်ပျက်နဲ့ နှာခေါင်းသွေးပိုထွက်ရမှာမို့ သူ တစ်ခုခုကိုရွေးရမယ်... သူ့သားကိုရွေးမလား၊ Lee Honey ကို ရွေးမလား...

"Lee Honey အိမ်ခွဲနေလိုက်၊ လိုအပ်တဲ့ ငွေရေးကြေးရေး ငါအကုန်ထောက်ပံ့ပေးမယ်... မင်းလည်း မင်းကောင်လေးရှိနေတာပဲဆိုတော့ မင်းကောင်လေးနဲ့ သွားနေချင်လည်းရတယ်"

အကို !!!

စူးစူးရဲရဲအော်လိုက်သည့် ထယ်ယောင်းမိထွေး၏အသံကို လျစ်လျုရှုကာ ဆုံးဖြတ်ချက်ချပေးလိုက်သည့် Mr Kimသည် ကင်မ်အိမ်တော်မှာ အာဏာအကြီးဆုံးကို ပိုင်ဆိုင်ထားသူပီပီ သူ့စကားကဥပဒေပဲ...

𝐊ɪᴍWhere stories live. Discover now