ညီမလေး Stella သူ့သားလေးတွေကို ပြန်တွေ့သွားပါပြီ အများကြီးတော့ပြောမသွားရှာပါဘူး စာတွေပြန်ပြင်စေချင်ပါတယ်တဲ့...
အဲဒီအတွက် အကိုကလည်း အားတာနဲ့ စာတွေကို အပိုင်းတစ်ကနေစပြီး ဖြည်းဖြည်းချင်းစီပြန်လည်ပြုပြင်ပေးသွားပါမယ်ဗျာ... ကွန်တို့ကို ပြန်ပြီးမဖျက်ခိုင်းတဲ့အတွက်လည်း စိတ်ရင်းနဲ့ကျေးဇူးတင်ပါတယ် ညီမလေးရေ...သူကိုယ်တိုင်ကတော့ သေချာပေါက်ပြန်လာဖြစ်မယ်မထင်တော့ဘူးဗျ။ အကိုကလည်း အလုပ်တစ်ဖက်နဲ့ဆိုတော့ အားတဲ့အချိန်လေးတွေမှာ အဆင်ပြေသလောက် စာတွေကိုပြန်စီပေးပါ့မယ်လို့....
ညီမလေး stella ကိုလည်း ဒီနေရာကနေထပ်ပြီး အကိုက တောင်းပန်ပါတယ်ဗျ ခွင့်မတောင်းပဲ ကွန်တို့ကို ပြန်လည်ခေါ်ဆောင်ခဲ့မိလို့...
အခုလို လာရောက်ပြောကြားပေးလို့လည်း အကိုက ကျေးဇူးအများကြီးတင်ပါတယ်ဗျ ညီမလေးလာပြောပေးတော့ အကိုလည်း စိတ်မလေးရတော့ဘူး ဝန်ပေါ့သွားသလိုခံစားမိတယ်...
စာလာဖက်ကြတဲ့ အငယ်လေးတို့လည်း စိတ်လွတ်လပ်စွာ ဖက်ခွင့်ရသွားလို့ ညီမလေး stella ကို ကျေးဇူးတင်ကြမယ်ထင်ပါတယ် ...
အသိပေးချင်တယ်ဆိုတာကတော့ ဒီလောက်ပါပဲဗျ... တစ်ယောက်ချင်းစီတိုင်း အစစအရာရာအဆင်ပြေချောမွေ့ကြပါစေဗျာ...