အပိုင်း ၃၇
"ဒေါ်မိုး"
"အော်သူဌေးလေး ဘာခိုင်းစရာရှိလို့လဲ"
"ခိုင်းစရာမရှိပါဘူး မေးစရာလေးရှိလို့ လာပါအုန်း ဒီကိုခနလောက်ထိုင်ပါအုန်းဗျာ" မြတ်နိုးမောင်လဲ။ဧည့်ခန်းဘေးက။စာပွဲပေါ်တွင်ကလေးအဝတ်တစ်ချို့အား။မီးကြွေတိုက်ပြီးခေါက်နေတဲ့။ဒေါ်မိုးအား။ဧည့်ခန်းထဲကဆိုဖာပေါ်တွင်ခြေချိတ်ထိုင်ကာ။အလုပ်လုပ်နေရင်နဲ့။သူ့ဆီလာဖို့လှမ်းခေါ်လိုက်လေသည်။
"ဟုတ်ကဲ့ သူဌေးလေး ဘာမေးမလို့လဲ" ဒေါ်မိုးလဲ။သူဌေးဖြစ်သူကခေါ်လို့။အသက်ကြီးနေသောလည်း။တရိုတသေလှမ်းလာခဲ့ပြီး။ရင်ကျေးစွာနဲ့။အမေးစကားဆိုလိုက်လေသည်။
"ကျွန်တော်လိုရင်တိုရှင်းပဲ မေးမယ်ဗျာ ကျွန်တော်သွေးနဲ့ လက်ထပ်ချင်တယ်ဆိုရင် ဒေါ်မိုးဘာပြောချင်သလဲ" မြတ်နိုးမောင်လဲ။သူနဲ့မျက်နှာချင်းဆိုင်တွင်။ကျုံ့ကျုံ့လေးထိုင်နေသူအား။ခပ်တည်တည်ပဲကြည့်ကာ။မေးလိုက်လေသည်။
"ရှင်း!"
"ဟုတ်တယ် ဒေါ်မိုး ကျွန်တော် သွေးနဲ့ လက်ထပ်ချင်တယ်"
"ဒါပေမဲ့ သူဌေးလေးရယ် ညီညီက ယောကျာ်းလေးတစ်ယောက်ပါကွယ် မသင့်တော်ဘူး ဒေါ်မိုးထင်ပါတယ် ပြီးတော့ သူဌေးလေးတို့က"
"ကျွန်တော်တို့က ဘာဖြစ်လဲ ဆက်ပြောလေး"
"အော် ဒေါ်မိုးပြောချင်တာက သူဌေးလေးတို့ရဲ့ မိဘေတြက လက်ထပ်ပြီးယူထားကျတာမို့ ညီကိုတွေပဲ မဟုတ္လားလို့ပါ"
"ဟက်ဘာကို ညီကိုရမှာလဲဒေါ်မိုးရဲ့ သူနဲ့ကျွန်တော်က အေမလဲမတူသလို အဖေလဲကွဲနေတာပဲဟာ ဘာမှမတော်လို့ ယူချင်ရင် ယူလို့ရပါတယ် ကျွန်တော်က ဒေါ်မိုးကို သွေးရဲ့အဒေါ်ကြီးတစ်ယောက်အနေနဲ့ အရင်ဦးဆုံး ကမ်းလှမ်းကြည့်တာပါ သွေးကိုတောင် မပြောရသေးဘူး ဒေါ်မိုး ကျွန်တော်နဲ့သွေးကို သဘောတူနိုင်မလား"
""
ဒေါ်မိုးလဲ။သူဌေးလေးရဲ့စကားဆုံးသွားတော့။ဦးမြတ်မင်းမောင်ကိုတောင်သတိရသွားတော့သည်။ဦးမြတ်မင်းမောင်တော့ကလဲ။သူ မီးဖိုချောင်ထဲတွင်ဟင်းချက်နေတုန်း။နောက်ကနေဝင်လာပြီးတော့။
![](https://img.wattpad.com/cover/358849166-288-k376389.jpg)
YOU ARE READING
သံယောဇဉ်နဲ့ချည်နှောင်တဲ့ချစ်ခြင်း
Non-Fictionဇာတ်လမ်းပါအကြောင်းအရာနဲ့ဇာတ်ကောင်နံမည်အားလုံးက။စာရေးသူရဲ့အတွေးစိတ်ကူးရင်သက်သက်ပါပဲနော်။