အပိုင်း (၅၉)

32 2 0
                                    

သံယောဇဉ်နဲ့ချည်နှောင်တဲ့ချစ်ခြင်း

အပိုင်း ၅၉

"ကိုဖိုးပိန်"

ညီညီလည်း။အောက်ထပ်ကဧည့်ခန်းထဲတွင်။ငူငူကြီးထိုင်ပြီး။မင်းသန့်အကြောင်းတွေပဲ။စဉ်းစားမိနေသည်။အခုလည်း။ကိုသူရိန့်အိမ်မှာဖြစ်ခဲ့တဲ့။အဖြစ်ဖြတ်ကသာ။ခေါင်းထဲရောက်နေလို့။ကလေးတွေအိမ်ပေါ်တက်သိပ်နေတဲ့။ကိုဖိုးပိန်လည်း။

အောက်ပြန်ဆင်းလာတာမြင်တော့လှမ်းခေါ်လိုက်လေသည်။'မင်းသန့်က ဘာလို့အခုလိုတွေ လုပ်လိုက်ရတာလဲ ပြီးတော့ ကိုဖိုးပိန်နဲ့အိမ်ထဲဝင်သွားသည်အထိ သူ့မျက်လုံးထဲ ပျော်ရွှင်နေတဲ့ပုံရိပ်တွေက အထင်းသားပဲမဟုတ်လား ဘာလို ရုပ်တရက်ကြီးဖြစ်သွားရတာလဲကွာ'။

"ပြောလေး ညီညီ"

"ကလေးတွေအခန်းထဲမှာ သိပ်ခဲ့ပြီလား"

"သိပ်ခဲ့ပြီ ညီညီ ခဏေန ဇော်ဇော်လဲ ပြန်ရောက်တော့မယ်တဲ့"

"အင်းပါ"

"ညီညီ အပေါ်တက်မနားသေးဘူးလား နောက်တောင်ကျနေပေါ့ သူဌေးလေးက ဒီညပြန်မလာဖြစ်ဘူးထင်တယ်"

"ကိုဖိုးပိန်မင်းသန့်ကို ဘယ်လိုတွေ့ခဲ့တာလဲပြီးတော့ သူဘာလို့ ဒီလိုလုပ်သွားရတာလဲ မနက္ကမွ ကျုပ်တို့တွေ တူတူလျှောက်လည်ခဲ့ကျတာမဟုတ်လား"

"ညီညီ စိတ်မကောင်းဖြစ်နေတာလား"

"ကျုပ်တို့ သူအပေါ်မှာ မကောင်းခဲ့တာတွေ ရှိခဲ့ဖူးလို့လား"

"မရွိပါဘူး ညီညီ"

"ကိုမြတ်နိုးမောင် သူ့ကိုဆူတဲ့အခါတွေလဲရှိခဲ့ဖူးပါနယ် ဒါကလဲ သူ့ကို ညီတစ်ယောက်လို ကောင်းစေချင်တဲ့ စိတ်နဲ့ဆူခဲ့တာပါ"

"သူလဲသိပါတယ်  သူတောင်မှ အလုပ်ထဲမှာ သူအမွားလုပ္မိလို့ သူဌေးလေး သူ့ကိုမဆူတဲ့နေ့တွေဆို သူဌေးလေးများ သူ့ကိုစိတ်ပျက်နေမလားလို့တောင် ဇော်ဇော်နဲ့ကိုဖိုးပိန်တို့ကို ပြောပြဖူးပါတယ် မင်းသန့်က နားလည်မူ့ရှိတဲ့ ကလေးတစ်ယောက်ပါ ဒါပေမဲ့ သူ့ဘာသာ ထင်ချင်တာထင်ပြီး စိတ်အားငယ်နေတာတစ်ခုကတော့ ကိုဖိုးပိန်တော့အားမရဘူး"

သံယောဇဉ်နဲ့ချည်နှောင်တဲ့ချစ်ခြင်းWhere stories live. Discover now