part(27)

48 1 0
                                    

သံယောဇဉ်နဲ့ချည်နှောင်တဲ့ချစ်ခြင်း

အပိုင်း ၂၇

"ဟာဒီနေ့မှ ထူးထူးဆန်ဆန် သူဌေးလေးက စက်ရုံကိုလာတာပဲ"
စက်ရုံကအစောင့်ဝန်ထမ်းလေးလဲ။မြတ်နိုးမောင်၏ကားရောက်လာသည်ကိုမြင်တော့။တံခါးဖွင့်ပေးလိုက်လေသည်။

ကားလဲသူ့ရှေ့ကနေဖြတ်မောင်းသွားကာ။ကားဂိုဒေါင်ရှေ့သို့ထိုးရပ်လိုက်တော့။သူဌေးဖြစ်သူမြတ်နိုးမောင်ဆင်းလာမည့်။ဘက်အခြမ်းကနေတစ်ရိုတစ်သေလေးရပ်ကာ။အမေးစကားဆိုလိုက်လေသည်။

"အေးဇော်ဇော်ရှိလား" မြတ်နိုးမောင်လဲ။ကားပေါ်ကဆင်းလိုက်ပြီး။အနားကလူအားဖြေရင်းမေးလိုက်တော့

"ဟုတ်ကဲ့ သူဌေးလေးကိုဇော်ဇော်က စက်ရုံအတွင်းထဲမှာ စက်တစ်လုံးပြတ်လို့ဆိုပြီး လာခေါ်တာနဲ့ သွားကြည့်ပေးနေတယ်"

"အေးအေးသူပြီးရင် ငါဒီမွာ စောင့်နေတယ်လို့ သွားပြောလိုက်ရင်"

"ဟုတ်ကဲ့ သူဌေးလေး"

""

မြတ်နိုးမောင်တစ်ယောက်။အစောင့်ကောင်လေးလဲ။ထွက်သွားတော့။စက်ရုံဝန်ထဲသို့လိုက်ပတ်ကြည့်လိုက်လေသည်။'ဒီရောက်တော့လည်း ဒယ်ဒီကိုတောင်လွမ်းလာသလိုပင်။ဒယ္ဒီဒီစက်ရုံကြီးထဲမှာ ဒယ်ဒီရဲ့အငွေ့အသက်တွေက

စွဲကျန်ရစ်နေတုန်းပဲမာမီဆုံးပြီးနောက်ဒယ်ဒီရှိစဉ်ကအမြဲတစ်စေ ပြသနာရှာခဲ့မိလို့ တောင်ပန်ပါတယ်ဒယ်ဒီအမြတ်တစ်နိုးနဲ့ တည်ထောင်ခဲ့တဲ့ ဒီစက်ရုံကြီးကိုလဲ ကျွန်တော်

ကောင်းကောင်းမွန်မွန်နဲ့ထိန်းသိမ်ပြီးတော့ဒီစက်ရုံက ဝန်ထမ်းတွေကိုလဲ ကျွန်တော်တက်နိုင်သမျှစောင့်ရှောက်ပေးပါမယ်လို့ ဒယ္ဒီကိုကျွန်တော်ဂတိပေးပါတယ်ဒယ္ဒီအခုဆိုရင်ကျွန်တော်အရင်မဆိုးတော့တာကိုလဲဒယ္ဒီမြင်မှာပါနော်'။

"သူဌေးလေးကျွန်တော်ကို ခေါ်တယ်ဆို" ဇော်ဇော်တစ်ယောက်။စက်ရုံ၏တောင်ဘက်ကနေရပ်ပြီး။ဘောင်ဘီအိတ်ကပ်အားလက်နှစ်ဖက်နိုက်ကာ။ရှည်လျှားလွန်းလှတဲ့။

စက်ရုံကြီး၏မြောက်ဖက်အရပ်ကိုမျက်နှာမူကာ။ဆွေးဆွေးလေးငွေကြည့်နေသည့်။သူဌေးဖြစ်သူမြတ်နိုးမောင်အား။နောက်ကနေ။သူရောက်နေသည်အကြောင်း။သတိပေးခေါ်ရင်းနဲ့။အမေးစကားဆိုလိုက်လေသည်။

သံယောဇဉ်နဲ့ချည်နှောင်တဲ့ချစ်ခြင်းWhere stories live. Discover now