သံယောဇဉ်နဲ့ချည်နှောင်တဲ့ချစ်ခြင်း
အပိုင်း ၄၁
"မင်းတို့ ရံှုးပြီနော်"
လင်းလက်လည်း။ဓနနဲ့သူရိန့်ကိုကြည့်ပြီး။ပြောလိုက်လေသည်။"ရံှုးဆိုတော့လဲရံှုးပေါ့ကွာ မနက်ဖြန်နေ့လည်ဆိုင်ကိုလာပြီး မင်းကြိုက်တာလာယူ အခုတော့ ငါအိမ်ပြန်တော့မယ်"
သူရိန်လည်း။အခန်းထဲက။မြတ်နိုးမောင်နဲ့ညီညီအားကြည့်ပြီး။လင်းလက်အားပြန်ပြောလိုက်လေသည်။"မင်းအိမ်ပြန်မလို့လား ငေနငါတို့နဲ့ တိုက်ခန်းပြန်မလိုက်ဘူးလား" ဓနလည်း။သူရိန့်အား အမေးစကားဆိုလိုက်လေသည်။
"မလိုက်တော့ဘူး အိမ်ပြန်ရမယ်ပေါ့ မနက်ဖြန်မနက် အဖြားတို့ မို့ကုတ္ကေန ရန်ကုန်ရောက်မှာလို့ အမေဖုန်းဆက်ထားတယ်"
"အဖွားတို့ဆိုတော့ မင်းအဖေနဲ့လား"
လင်းလက်လည်း။သူရိန့်စကားဆုံးတော့။မေးလိုက်လေသည်။"မဟုတ်ပါဘူးကွာသူ့မြေချေွးမနဲ့တဲ့"
"မြေချေွးမဆိုတော့ ဘယ္သူလဲမင်းအဖေရော အေမေရာက တစ်ဦးထဲသော သားနဲ့သမီးတွေမဟုတ်ဘူးလား" ဓနလည်း။သူရိန့်ကိုကြည့်ပြီးစပ်စပ်စုစုမေးကြည့်လိုက်လေသည်။
"အေးကွာငါလဲမင်းတို့ကို ပြောမယ် ပြောမယ်နဲ့ မပြောဖြစ်သေးဘူး ဟိုတစ်လောက အဖြားက ငါ့အတွက်ဆိုပြီး သင့်တော့တဲ့ အမျိုးသမီးလေးတစ်ယောက်ရှာထားပေးတယ်လို့ အဖေနဲ့အမေက ဖုန်းဆက်ပြောလာတယ်လေး ငါလဲ အစကေတာ့ ငြင်မလို့ပဲ အသက်က၃၀ကျော်နေပြီငါ့မှာလဲရည်းစားကမရှိ ကြိုက်နေတဲ့ ကောင်မလေးရယ်လို့လဲ မရှိတာနဲ့ လက်ခံလိုက်တာပေါ့ အဲ့တာအခု သူတို့မနက်ဖြန်ရောက်လာကျမှာတဲ့ ငါနဲ့တွေ့ဖို့အတွက်"
"အော်မင်းမှ လက်တွဲဖော်လေး ဘာလေး ရှာပေးမဲ့ အားကိုးရတဲ့ အဖွားဆိုတာရှိနေသေးတယ်ငါကေတာ့ကြာ" လင်းလက်သောလည်း။သူရိန့်စကားဆုံးတော့။အားကျသည့်ပုံဖြစ်။ပြောလိုက်လေတော့။ဓနတစ်ယောက်အမျှင်ပင်ကပ်ကာ။လင်းလက်အားကြည့်ပြီး
"မင်းလဲအဖွားရှိနေတာပဲ ဒါပေမဲ့ မင်းအဖွားက မင်းကို ယောကျာ်းရှာပေးရမလား မိန်းမရှာပေးရမလား မသိလို့ ငြိမ်နေတာနေမှာ"
![](https://img.wattpad.com/cover/358849166-288-k376389.jpg)
YOU ARE READING
Literatura Faktuဇာတ်လမ်းပါအကြောင်းအရာနဲ့ဇာတ်ကောင်နံမည်အားလုံးက။စာရေးသူရဲ့အတွေးစိတ်ကူးရင်သက်သက်ပါပဲနော်။