သံယောဇဉ်နဲ့ချည်နှောင်တဲ့ချစ်ခြင်း
အပိုင်း ၆၄
"ဒေါက်!!!"
မြတ်နိုးမောင်လည်း။ညီညီနဲ့စကားပြောနေရင်စဉ်။အပြင်ဘက်ကတံခါးခေါက်သံကြားလို့မို့။ညီညီအားတစ်ချက်ကြည့်လိုက်ကာ။စိတ်ထဲကလည်းဒီအချိန်ကြီးဆိုတဲ့။အတွေးနဲ့နောက်လှည့်ကြည့်လိုက်ကာ။"ဘယ္သူလဲဝင်ခဲ့~"
"ကျမရယ် လူတစ်ယောက်က ပန်းစည်းပေးခိုင်းလိုက်လို့"
"သြော် ဘယ်သူပေးတာလဲ"
"က်မလဲ မသိဘူး ပေးတဲ့လူက ဒီအခန်းနံပါတ်နဲ့ ကလေးမီးဖွားထားတဲ့ ကိုခန့်ညီညီသွေးကို ပေးပေပါဆိုလို့ ကျမယူလာပေးတာပါ"
"ဟုတ်ကဲ့ ကျေးဇူးပါ ဆရာမ"
"ဟုတ်ကဲ့ ရပါတယ် ခွင့်ပြုပါအုန်း"
မြတ်နိုးမောင်လည်း။ကလေးပိစိလေးအား။လက်တစ်ဖက်ကပွေ့ချီထားပြီး။ကျန်တဲ့လက်တစ်ဖက်နဲ့။နာပ်စ္စမယူလာပေးသည့်ပန်းစီးအားယူပြီး။ကုတင်ပေါ်ထိုင်နေတဲ့။ညီညီဆီလျှောက်လာကာ။
"သွေးငယ်အရင်က ပန်းကြိုက်တယ်လို့လဲ မပြောဖူးပါဘူး မောင့်ကို"
"အခုလဲ ကျုပ်က ကြိုက်တယ်လို့ပြောမိလို့လား"
"မသိဘူးလေး ဒီမွာ ပန်းစည်း သွေးငယ်အတွက်တဲ့"
"ဘယ်သူလာပေးတာလဲ"
"ဘယ်သူပေးတာလဲဆိုတော့ ဆရာမလဲ မသိဘူးတဲ့ သွေးငယ်ကိုသိတဲ့သူက ပေးခိုင်းလိုက်တာနေမှာပေါ့"
"ဒီခေတ္တာပန်းတွေက ဆောင်းအရမ်းကြိုက်တဲ့ပန်းတွေပါ"
ညီညီလည်း။မောင့်လက်ထဲက။ခေတ္တာပန်းစည်းလေးအားကြည့်ပြီး။ရေရွတ်လိုက်မိသည်။'သူနဲ့ဆောင်းကိုသိတဲ့လူတစ်ယောက်ယောက်က သူကလေးမွေးတာကိုသိပြီး ဆောင်းအထင်နဲ့များမှားပြီးလာပေးတာလားပဲ'။"ပြောချင်တာက ဆောင်းချယ်ရီပို့ပေးလိုက်တယ်ဆိုတဲ့သဘောပေါ့ ဒီပန်းလွတ်ပစ်လိုက်တော့!"
"မဟုတ်ဘူးလေး မောင် မပစ်နဲ့!" ညီညီလည်း။မောင်ကအမှိုက်ပုံးကိုခြေထောက်နဲ့နင်းကာလပ်ပြီးနောက်။အဖြူရောင်ခေတ္တာပန်းစည်းလေးအားပစ်ချမည်လုပ်တော့။လှမ်းတာလိုက်လေသည်။
YOU ARE READING
Non-Fictionဇာတ်လမ်းပါအကြောင်းအရာနဲ့ဇာတ်ကောင်နံမည်အားလုံးက။စာရေးသူရဲ့အတွေးစိတ်ကူးရင်သက်သက်ပါပဲနော်။