သံယောဇဉ်နဲ့ချည်နှောင်တဲ့ချစ်ခြင်း
အပိုင်း ၅၇
"သူ့သေဘာ ငါ့သဘောမေးမနေပါနဲ့ကွာ ငါ့အိမ်လဲ မင်းတို့အိမ်ပါပဲဟာ သွားသိပ်လိုက်ရင်ပေ့ါ" သူရိန်လည်း။ထိုင်နေရာကနောက်လှည့်ကြည့်ကာပြောလိုက်တော့
"အေးဖိုးပိန်နဲ့မင်းသန့် မင်းတို့ကလေးတွေ ခေါ်ပြီး သွားသိပ်လိုက်ရင်" မြတ်နိုးမောင်လည်း။လင်းလက်အနားတွင်အဆင်လိုက်ထိုင်နေတဲ့။ဖိုးပိန်နဲ့အောင်မင်းသန့်အားကြည့်ကာပြောလိုက်လေတော့သည်။
"ဟုတ်ကဲ့ သူဌေးလေးနိုးနိုးလာ ဦးဦးတို့အိမ်ထဲ သွားရအောင်"
ဖိုးပိန်လည်း။ညီညီလက်လေးအားဆွဲထားသည့်နိုးနိုးလေးကိုခေါ်ကာျပွ့ချီလိုက်တော့။အောင်မင်းသန့်ကပါ"ရာရာလေးက ဦးဦးဆီလာနော်"
"ဟုတဲ့!"
"သားသားလဲ လိုက်မှာ~" မြတ်လေးလည်း။နိုးနိုးနဲ့ရာရာလေးကိုပွေ့ချီတာမြင်တော့။သူပါလက်လေးမျောက်ပြီး။သူ့အားခေါ်ခိုင်နေလေသည်။
"နေပါအုန်း အိမ်ရှင်က မလိုက်ပဲနဲ့ သူတို့နှစ်ယောက်ထဲသွားတော့ ဘယ်အခန်း သိပ်မှာလဲ သူတို့နှစ်ယောက်ကသိမှာတဲ့လား"
ဓနလည်း။ကလေးတွေကိုယ်စီခေါ်ပြီး။အိမ်ထဲဝင်မည့်ဖိုးပိန်နဲ့အောင်မင်းသန့်အားကြည့်ကာ။သူရိန့်အားပြောလိုက်လေသည်။"ဟုတ္သားမင်းလိုက်သွားလိုက်အုန်း သူရိန်"
မြတ်နိုးမောင်လည်း။ပြောလိုက်တော့သူရိန်လည်း။မြတ်လေးအားပွေ့ချီလိုက်ပြီး။အောင်မင်းသန့်နဲ့။ဖိုးပိန်တို့နောက်လိုက်သွားတော့လေသည်။အိမ်ထဲလည်းရောက်တော့။ကလေးတွေပွေ့လျက်နဲ့။ရောင်လည်လည်လုပ်နေသော။ဖိုးပိန်နဲ့မင်းသန့်ကိုလည်း။တွေ့တော့
"အပေါ်ထပ် ခေါ်သွားလိုက်လေး လာ နောက်ကလိုက်ခဲ့"
"ဟုတ်ကဲ့ ကိုသူရိန်" ဖိုးပိန်လည်း။ဖြေရင်နဲ့။ဦးဆောင်ပြီအပေါ်ထပ်သို့တက်သွားတဲ့။သူရိန့်နောက်ကထပ်ချပ်မကွာကပ်ပြီးလိုက်တက်ခဲ့တော့လေသည်။'အပြင်က အဲ့လောက်မမှောင်သေးပဲ အိမ်ထဲက ဘာလို့မတရားတွေမှောင်နေရတာလဲ'။
YOU ARE READING
Non-Fictionဇာတ်လမ်းပါအကြောင်းအရာနဲ့ဇာတ်ကောင်နံမည်အားလုံးက။စာရေးသူရဲ့အတွေးစိတ်ကူးရင်သက်သက်ပါပဲနော်။