အပိုင္း (၄၆)

30 1 0
                                    

သံယောဇဉ်နဲ့ချည်နှောင်တဲ့ချစ်ခြင်း

အပိုင်း ၄၆

"ကျွန်တော့်ဇာတ်လမ်းက ပြောရရင် အရှည်ကြီးပါဗျာ"

"ဟုတ္လားအဆင်ပြေမှ ပြောပါ"
ညီညီလည်း။အောင်မင်းသန့်ရဲ့ညိုငယ်သွားတဲ့။မျက်နှာလေးကိုကြည့်လိုက်ပြီး။ပြောလိုက်လေတော့သည်။

"ကျွန်တော် ငယ်ငယ်လေးထဲက မိဘေတြ ဆုံးသွားလို့ ဦးလေးတွေ အဒေါ်တွေနဲ့အတူနေပြီး အမတစ်ယောက်ရှိတယ်လို့ ကိုညီ့ကိုအရင်က ပြောပြဖူးတယ်မဟုတ်လား"

"အင်းအဲ့ဒါတွေ ငါမှတ်မိပါတယ်"

"ကိုညီ့ကို ကျွန်တော်ပြောပြရင် ကျွန်တော်အခုလိုပုံစံဖြစ်နေတာကို ကိုညီကျွန်တော့်ကို မရယ်ရဘူးနော်"

"ဟက်!အေးပါကွာ ငါမရယ္ဘူး ဟုတ်ပြီလား ပြောမှာသာ ပြော"

"ဟောဗျာမရယ်ဘူးပြောပြီး ကြည့် ရယ်နေပြီးတော့ကျွန်တော် ရှက်လာပြီဗျ" အောင်မင်းသန့်လည်း။ကွေကွေကောက်ကောက်နဲ့။ဗရုပ်ကျနေတဲ့။သူ့ဆံပင်နဲ့။သူ့ပုံစံအားကြည့်ပြီး။

ခတ်ဟဲဟဲလေး။ရယ်မောလိုက်တဲ့။ညီညီကြောင့်။နှုတ်ခမ်းအနည်းငယ်စူကာ။ပြောလိုက်လေတော့သည်။'ကိုညီသာ ကျွန်တော့် အကိုအရင်းဖြစ်ခဲ့ရင် သိပ်ကောင်းမှာပဲ ခွဲခွာပြီးနောက် ပြန်မတွေ့ရတော့ဘူးလို့ ထင်ထားခဲ့တဲ့ အကိုတစ်ယောက်လို့ ချစ်ခင်ရတဲ့ ကိုညီ့ကို သုံးနှစ်ကျော်မှဘိုးတော်နဲ့ပတ်သက်ပြီး ဒီမှာပြန်လာတွေ့ရတယ်လို့'။

"အဟွန်း အဟွန်းအေးပါကွာဟုတ်ပြီ ဟုတ်ပြီ ငါမရယ်တော့ဘူး ပြောတော့ဒီပုံစံဘယ်လို ဖြစ်လာခဲ့တာလဲဆိုတာကိုပေါ့"

"ဒီပုံစံ ဖြစ်လာရတဲ့ အကြောင်းရင်းကတော့ ကျွန်တော့် ဦးလေးကနေစတာပဲ ကျွန်တော် အိမ္ကေန ရန်ကုန်ထွက်လာတော့က ဦးလေးရဲ့ စီပွားရေးတွေ အဆင်ပြေပြေပဲရှိနေသေးတယ်
ကျွန်တော် ဒီရောက်ပြီး လအနည်းငယ်ကြာတော့ မမကကျွန်တော်နေတဲ့အဆောင်ကိုစာပို့လိုက်တယ်လေး အိမ်မှာစီပွားရေးအခြေအနေမကောင်းလို့ သူကျောင်းထွက်လိုက်ရပြီဆိုတာနဲ့
ဒေါ်လေး ကျမ်းမာရေးမကောင်းလို့ ဆေးဖိုးလိုနေတဲ့အကြောင်းတွေပေါ့ဗျာ နောက်ဆုံး ဦးလေးလဲ လိမ်လည်မူ့နဲ့ ထောင်ထဲရောက်သွားတော့ အိမ္ကို အကြွေးရှင်းတွေ တစ်ယောက်ပြီး တစ်ယောက် ရောက်လာကျတယ်တဲ့ အကြွေးလာတောင်ကျတာတဲ့လေး
အဲ့ထဲမှာလဲ ဘိုးတော်အဖွားလဲ ပါတာပေါ့ဗျာသူကအိမ်လာပြီးကြွေးတောင်နေချိန် မမကအလုပ်သွားနေခဲ့ပြီး ဒေါ်လေးကို မမနဲ့သူ့မြေးကိုလက်ထပ်ပေးဖို့ သဘောတူရင်
ဦးလေးကိုထောင်ထဲကလွတ်အောင်လဲ လုပ်ပေးမယ် ကြွေးတွေလဲ အကုန်အကျေထားပေးမယ် သူများဆီကအကြွေးတွေကိုလဲ ဖြေဖြေချင်းပြန်ဆပ်နိုင်အောင် သူက ကူညီပေးမယ်ပေါ့
ဒေါ်လေးကလဲ ချစ်စရာကောင်းပြီး လိမ်မာတဲ့မမကို အကြွေးဆပ်ဖို့အတွက်တော့ ထိုးမပေးနိုင်ဘူးဆိုပြီး ဘိုးတော်ရဲ့အဖွားကို အကြွေးတွေကိုသူ့နည်းသူ့ဟန်နဲ့ပြန်ဆပ်ပါမယ်
မမကငယ်သေးတယ်လို့ပြန်ပြောလိုက်တော့ ဘိုးတော်အဖွားက ညည်းတို့သဘောပါအေးလို့ပြောပြီး အိမ်ပြန်သွားခဲ့တယ်တဲ့ နောက်နေ့ ဦးလေးက ဘယ္လိုကေန ဘယ်လိုထောင်ကပြန်လွတ်လာလဲမသိဘူးတဲ့
ဦးလေးထောင်ထဲက လွတ်လာပြီးနောက်တစ်နေ့ မမကို ဘိုးတော်နဲ့လက်ထပ်ဖို့ ဦးလေးကပြောရော မမကလဲ ရည်းစားရှိလို့ မယူနိုင်ဘူးတဲ့ ကြွေးဆပ်ဖို့အတွက် ဘိုးတော်ကို ယူရမယ်ဆိုရင် သူ့ကို့ကိုယ် သက်သေပစ်မယ်လို့ ပြောလိုက်တယ်တဲ့ဗျာ
ကျွန်တော်လဲ အကြွေးတွေ တက်နိုင်သလောက်ကူဆပ်ချင်တာနဲ့ရှိတဲ့ပိုက်ဆံလေး စာတိုက်ကနေပို့ပေးလိုက်တယ် မမဆီက ကျေးဇူးတင်တဲ့အကြောင်းနဲ့ ဒေါ်လေးဆေးခန်းပြပေးနေတဲ့အကြောင်းစာပြန်ပို့လားပြီး အဆက်အသွယ်ပျက်သွားကျတယ်
နှစ်ကုန်ပိုင်းလောက်ကျတော့ မမဆီက စာထပ်ရောက်လာပြန်ရော ကျွန်တော်လဲရှိတဲ့ပိုက်ဆံ ထပ်ပို့ပေးလိုက်တာပေါ့ နောက်တစ်နေ့ပဲ မမကပိုက်ဆံနဲ့စာတစ်စောင်ထပ်ပိုလာပြီး
ပိုက္ဆံက မလိုတော့ဘူး ဘိုးတော်နဲ့လက်ထပ်ဖို့ကို သူသဘောတူထားတယ်တဲ့လေး ဘိုးတော်ရဲ့ဖွားဖွားနဲ့လဲ နောက်လထဲ ရန္ကုန္လာရမွာကို မမကစာထဲမှာထည့်ရေးထားသေးတယ်
ကျွန်တော်လဲ မမဒီရောက်မှပဲ သွားတွေ့တော့မယ်ဆိုပြီး စာကိုမပြန်တော့ပဲ ဒီမှာနေမြဲအတိုင် နေနေတာပေါ့ ၃ရက်နေ့မြောက်ကျတော့ အဆောင်ကအဒေါ်ကြီးက စာရောက်နေတယ်ဆိုပြီး စာခေါက်လေးလှမ်းပေးတော့ ကျွန်တော်လဲ သူ့ရှေ့မှာပဲ ဖွင့်ဖတ်လိုက်တော့
စာထဲမွာ မမဆုံးပြီဆိုတဲ့ အကြောင်းထည့်ရေးထားလို့ ကျွန်တော်လဲ အိမ်ချက်ချင်းပြန်သွားလိုက်ရတာပေါ့ အလုပ္က ခွင့်ယူပြီးတော့ ဟိုရောက်တော့ မမရဲ့ရက်လည်တောင်လုပ်နေကျပြီ
ကျွန်တော်လဲ ရက်လည်ဆွမ်းသွပ်ဆိုတော့ ကြောင်သွားတာပေါ့ဗျာ မမကလွန်ခဲ့တဲ့ ၃ရက်လောက်ကမှ ကျွန်တော်ဆီစာပို့ခဲ့သေးတာကိုဆိုတော့ ဦးလေးက မမ ကျွန်တော်ဆီစာပို့တာသူဆို့မသိဘူးတဲ့လေး သူ့ကောင်လေးနဲ့ ခိုးရာလိုက်သွားမှာဆိုးလို့တောင် ဒီအပါတ်ထဲအိမ်ထဲက အိမ်ပြင်ပေးထွက်တာတောင်မဟုတ်ဘူးတဲ့
ကျွန်တော်လဲ အဲ့ကျမှ မမစာပို့လိုက်တဲ့ ဒိတ်ကိုကြည့်မိလိုက်တော့ စာကလွန်ခဲ့တဲ့ တစ္လေလာက္က စာဖြစ်နေတယ် နောက်ကျပြီးမှ ကျွန်တော်လက်ထဲ ရောက်လာတာလေး
အဲ့အရင်က ဘာပြသနာတွေကိုဘယ်လိုရှင်းလိုက်ကျလဲတော့ ကျွန်တော်လဲမသိဘူး ကျွန်တော် ဒေါ်လေးဆီကနေ ပြန်သိတာကတော့ မမကကို့ကိုယ္ကို သက်သေတာရယ်
အကြွေးတွေက တောင်လိုပုံနေတာရယ်နဲ့ ဘိုးတော်က မမကိုမမြင်ဖူးသေးတာရယ် ဘိုးတော်ဖွားဖွားကလဲ မမကိုသူ့မြေးနဲ့လက်မထပ်ပေးဖြစ်ဘူးဆိုတော့ အကြွေးတွေ ပြန်လိုချင်တယ်လို့ပြောတာနဲ့
ဦးလေးက အမနဲ့မဟုတ်ပဲ ညီမနဲ့ ခင်များသဘောတူအုန်းမလားလို့ မေးလိုက်တော့ ဘိုးတော်ရဲ့ဖွားဖွားကလဲ သူကြည့်ကြည့်မယ်တဲ့ပေါ့ အဲ့ကနေပဲ ဦးလေးက သူ့အကြွေးဆပ်ဖို့ ကျွန်တော်ကို မမရဲ့အကျီၤတွေ ဝတ်ခိုင်းဆံပင်တုတွေတက်ခိုင်းနဲ့ ဟိုအတု ဒီအတုတွေနဲ့ပေါ့ဗျာ
နေရတော်တော်လေးခတ်ပြီး စိတ်ကျင်းကြပ်ခဲ့တာ အဲ့ဒီတော့ကဆိုရင်နောက်တစ်နေ့ ဘိုးတော်ရဲ့ဖွားဖွားကအိမ်ခေါ်တွေတာနဲ့ ဒေါ်လေးနဲ့ အိမ်လည်သွားကျတဲ့ အိမ်ကဧည့်ခန်းထဲမှာ
ဘိုးတော်တို့မိသားစုဓာတ်ပုံကိုတွေ့တော့ ဖွားဖွားကိုမေးကြည့်လိုက်တယ် မမရဲ့ညီမအဖြစ်ဟန်ဆောင်ထားတဲ့ ကျွန်တော်နဲ့လက်ထပ်ရမဲ့လူကဘယ်သူလဲဆိုတော့ ကျွန်တော် မြင်မြင်ချင်းချစ်ခဲ့ရတဲ့
ဘိုးတော်ကို လက်ညိုးထိုးပြတော့ ကျွန်တော်အချိန်မဆွဲချင်တော့တာနဲ့ ဘိုးတော်ကိုတွေ့ဖို့ ဖွားဖွားကိုပူဆာပြီး နှစ်ယောက်သားရန်ကုန်ရောက်လာခဲ့ကျတယ် ဖြားဖြားကေတာ့ မိုးကုတ်မှာသူမရှိရင်မဖြစ်ဘူးဆိုပြီး ကျွန်တော့်ကိုထားခဲ့ပြီး ပြန်သွားတယ်လေး
ကျွန်တော်ကတော့ ဒီပုံစံနဲ့ဒီမှာနေခဲ့ပြီး ဘိုးတော်ရဲ့အချစ်ကို လိုချင်လို့စောင့်ယူနေခဲ့တာပေါ့ ဒါပေမဲ့ ဘိုးတော်က အသဲမာလိုက္တာ ကျွန်တော်ကိုဆို တစ္စက္ကေလးမွ မျက်နှာသာမပေးဘူး
ကိုညီက ကံကောင်းတယ်နော် ကိုညီ့ဘဲကြီးက ငုံထားမတက်အရမ်းချစ်တာ ကျွန်တော် ဒီတစ်သက် ဘိုးတော်ရဲ့အချစ်ကိုရနိုင်ပါ့မလားမသိတော့ပါဘူးဗျာ"

သံယောဇဉ်နဲ့ချည်နှောင်တဲ့ချစ်ခြင်းWhere stories live. Discover now