(သံယောဇဉ်နဲ့ချည်နှောင်တဲ့ချစ်ခြင်း)
"ဇော်ဇော်သွေးရော~"
မြတ်နိုးမောင်တစ်ယောက်။သတိုးသားနဲ့သတိုးသမီးတို့ကိုနှုတ်ဆက်ခဲ့ပြီး။ညီညီအားလိုက်ရှာခဲ့တာမတွေ့တာနဲ့။ခန်းမကြီးရဲ့တောင့်နားလေးတွင်။ထိုင်ပြီးတစ်ငေးတစ်မောဖြစ်နေသူအားခေါ်ရင်း မေးလိုက်လေသည်။
"အော်သူဌေးလေးသူသူဟိုတယ်ရှေ့က ရေးဗန်းအုတ်ခုံပေါ်မှာစောစောက ထိုင်နေတာတော့ တွေ့လိုက်တာပဲ"
ဇော်ဇော်လဲ။ရုတ်တရက်ရှေ့ရောက်လာပြီး။ခပ်တည်တည်နဲ့။အမေးစကားဆိုလာတဲ့။သူဌေးလေးကြောင့်။မျက်လုံးအိမ်ထဲဝဲတက်လာတဲ့မျက်ရည်စတွေအားခိုးသုပ်ရင်းက။အထစ်ထစ် အငေါ့ငေါ့နဲ့။ပြန်ဖြေလိုက်တော့သည်။
"မင်းလဲ ဖိုးပိန်နဲ့အတူ ပွဲပြီးမှပဲ ပြန်လိုက်တော့နော်"
"ဟုတ်ကဲ့ သူဌေးလေး"
"အေးအေး ငါတို့အရင် ပြန်နှင့်လိုက်မယ် ဒီညစက်ရုံမှာ ပြန်မအိပ်တော့နဲ့ ဖိုးပိန်နဲ့အတူ အိမ်ကိုပဲလိုက်ခဲ့လိုက်တော့ ကြားလား"
"ဟုတ်ကဲ့ပါ သူဌေးလေး"
""
ဟိုတယ်ရှေ့မှာလဲ။ညီညီနဲ့ဖိုးပိန်တို့နှစ်ယောက်ကလေးသုံးယောက်နဲ့။ကားအဝင်အထွက်လမ်းခွဲထားသည့်။ရေအပြည့်နဲ့အဝိုင်းကြီးရဲ့အလည်တွင်။အလှပြထားသည့်။ရေဗန်းခရာကိုင်နတ်သမီးအရုပ်လေးနဲ့သုံးပေအကွာက။
ကျောက်စီထားသည့်။အုတ်ခုံလေးရဲ့အပေါ်တွင်။ညီညီကမှိုင်ပြီးထိုင်နေပေမဲ့။နိုးနိုးလေးက ကားလမ်းဘေးတွင်အလှစိုက်ထားတဲ့။တရုတ်စကားပန်းပင်တွေက ကြွေနေသည့်ပန်းပွင့်များကိုလိုက်ကောက်နေပြီး။
မြတ်လေးနဲ့ရာရာတို့ကတော့။နတ်သမီးကိုင်ထားသည့်။ရေဗန်းခရားထဲက။ကျလာတဲ့ရေတွေကို။လက်သေးသေးလေးတွေခံပြီး။ဆော့နေလို့ဖိုးပိန်ခမျာကန်ထဲပြုတ်ကျမသွားအောင်။လိုက်ထိန်းနေရလေသည်။
"ရေး~" ရာရာတစ်ယောက်လက်နှစ်ဖက်နဲ့ရေခံပြီးမြတ်လေးဘက်ကိုပတ်လိုက်တော့
"ရာရာ~တိုတို~ချိုတုန်ပီယေ~"
"မင်းတို့နှစ်ကောင်ကွာ ထိန်းမနိုင် သိမ်းမနိုင်နဲ့ ရေမဆော့တော့နဲ့လို့ ပြောနေတာကို ပြောမရရင် ရေကန်ထဲပစ်ချလိုက်မှာနော်"
YOU ARE READING
Non-Fictionဇာတ်လမ်းပါအကြောင်းအရာနဲ့ဇာတ်ကောင်နံမည်အားလုံးက။စာရေးသူရဲ့အတွေးစိတ်ကူးရင်သက်သက်ပါပဲနော်။