Intro

5.7K 104 12
                                    

Until 100th Days

Unicode Version

ထောင်စုနှစ်တစ်ခုတိုင်အောင် ရာစုနှစ်တစ်ခုပြောင်းသွားတိုင်း လူသွေးဖြင့် အသက်ဆက်ရသည့် Vampire တစ်ကောင်ကိုမှ စည်းစိမ်ချမ်းသာအတွက် သန့်စင်သည့် သွေးဖြင့်
အပေးအယူ ကတိထားရှိခဲ့ကြရာ။

Vampire သည်လဲ ဆက်လက်တည်ရှိနေသလို စည်စိမ်းချမ်းသာ ဆိုသည်မှာလဲ လက်ရှိဘဝမှာ မကုန်နိုင်မခမ်းနိုင်။

မျိုးဆက်တစ်ခုပြီးတစ်ခု ကူးပြောင်းလာခဲ့ ပေမယ့် နှစ်၁၀၀ ပြည့်သည့်အချိန်တွင်တော့ မိသားစုရဲ့ သမီးမိန်းကလေးရဲ့ အသက်ကိုတော့ စတေးရစမြဲပင်။

ထိုသို့ စည်းစိမ်ချမ်းသာ အပေါ် လောဘ တက်ခဲ့သည့်အခါမှာတော့ မျိုးဆက်တိုင်းတွင် သားတစ်ယောက် သမီးတစ်ယောက်သာ ထွန်းကားပြီး သမီးမိန်းကလေးဆိုသည်မှာလဲ စတေးခံရန် မွေးဖွားလာခြင်းဖြစ်ပေသည်။

နှစ်၁၀၀ ပြည့်တိုင်း တကြိမ်။ ထိုအထဲကမှ နှစ်၁၀၀ ပြည့်ရန် ရက်၁၀၀ သာ လိုအပ်သည့် အချိန်မှာတော့။

@@@@@@@@

Character

လူသားတွေရဲ့လောဘကြောင့် ကတိတစ်ခုမှာပိတ်မိနေခဲ့တဲ့ ဒီကာလတွေမှာ သူမ  အတွက် အရာအားလုံးက ငြီးငွေ့ဖွယ်ရာပင်။

တစ်ကြိမ်လပြည့်တိုင်း မူလရုပ်သွင်ပြန်လည် ပေါ်ပေါက်နေပေမယ့် သူမ တွင် ရုပ်သွင် အမျိုးမျိုးရှိသည်။

တစ်ခါတရံ မိန်းကလေးဖြစ်နိုင်သလို တခါတရံ အဖွားကြီးလဲ ဖြစ်နိုင်သည်။ လိုသလို ပုံ‌ပြောင်းနေထိုင်ပေမယ့် အမှန်တကယ်တော့ အထီးကျန်သည့် ဒီလောကကြီးကို သူမ အင်မတန် ငြီးငွေ့နေပါပြီ။

လူသားတွေရဲ့ အမူအကျင့်၊ ‌အတ္တ မာန လောဘ စသည့်အရာတွေ ကိုကြိမ်ဖန်များစွာ မြင်တွေ့ခဲ့ရသည့် တိုင်။

လူသားဆိုလျင် အင်မတန် အထင်အမြင်သေး မိသည်ကတော့ သူမ အတွက် တမင်ဖန်တီးယူရန်မလိုပေ။

ရှီရီနာ၊ သင်းကွဲVampire တစ်ကောင်ဖြစ်သည့်တိုင်။ အထီးကျန် လူသားဟုဆိုလျင်လဲ လွန်မည် မဟုတ်။

သူမက ဘာဖြစ်ဖြစ် လူသားအသွင် မဟုတ်ပါလား၊

------------

Until 100th Day (GL)Where stories live. Discover now