Part 1

1.1K 54 5
                                    

Unicode Version

ခန်းနားထည်ဝါသည့် စံအိမ်ကြီး၏ အောက်ဆုံးထပ် ဧည့်ခန်းအတွင်းဝယ်၊ တိတ်ဆိတ်ခြင်းများ ဖုံးလွှမ်း‌ေနသည်။ လက်နှစ်ဖက် ကိုထပ်ပြီး တင်းတင်းကြပ်ကြပ် ဆုတ်ထားသည့် သူမ နှင့် ကြီးမားသည့် မိသားစုအသိုင်းအဝိုင်း။

ဆွေစဉ်မျိူးဆက် သုံးမကုန်နိုင်အောင် ချမ်းသာသည် ဆိုပေမယ့် မယ်မယ်ရရ အလုပ်ဟူ၍ ခေါက်ဆွဲ စက်ရုံ တစ်ခုသာ ပိုင်ဆိုင်သည်။

အဖိုးဆုံးသွားပေမယ့် အမေဘက်မှ အဖိုးရှိသေး သည်။ ထိုအဖိုးရဲ့ သားမြေးမြစ် အားလုံး ဒီခြံဝန်းထဲမှာ ပဲ နေထိုင်၍ ကြသည်။

မိသားစု အသိုင်းအဝိုင်းကြားမှာ သူမ သည် စတေးခံဖြစ်မည်ဆိုသည်ကို ပထမဆုံးကြားသိ ခဲ့ရသော်။

မိသားစု အကျိုးစီးပွားအတွက် ဟူသော အကြောင်းပြချက် ကြောင့် သူမ ပို၍ မခံမရပ်နိုင်ပေ။

ဖေဖေကတော့ သူမကို အားနာသည့် အကြည့်မျိုးဖြင့်သာ။ မေမေက အံကြိတ် ထားသည်။ ခင်ပွန်းဘက်သို့ လိုက်နေထိုင် ရသူဖြစ်သည့်အပြင် ဒီကိစ္စနဲ့ အခြေအတင်လဲ ဖြစ်ထားသည်မို့ ထင်သည်။

တစ်ခွန်းမှ ဝင်မပြော။ အားလုံးထဲတွင် အဆိုးဆုံးက ဒေါ်လေးငယ်ပင်။ ဖြစ်ရပ်မှန်အားလုံးသိထားသူ ပီပီ စည်းစိမ်ကိုသာ လိုလားသည့် အတွက် သူကိုယ်တိုင် ဦးဆောင်ပြီး ပြောဆိုပေမယ့် သူမ ဘက်ကို နည်းနည်းလေးမှ မကြည့်ပေးပါ။

နှစ်၁၀၀ မှာတကြိမ် ။ ဒီနှစ်က ရာစုနှစ် တကြိမ့်ပြည့်သည့်နှစ်ပင်။

"ဘယ်သူကမှ နှောင်းကို ဒီအခြေအနေထိ ရောက်အောင် တွန်းပို့နေတာ မဟုတ်ဘူး၊ ကံတရားပဲလေ၊ နှောင်းအသက်၂၀ ကျော်နေထိုင် ခဲ့ရပြီးပြီ၊ အရင်တကြိမ်က ဆိုရင် အသက်၁၄ နှစ်နဲ့ ပေးလိုက်ရတာ"

နှောင်း လက်သီးဆုတ်ကာ မျက်လွှာ ချထားသည်။

"ဒီအခြေအနေ ဒီမိသားစု မှာ လက်ရှိအနေ အထားကနေ ယိုယွင်းပျက်စီးသွားမယ်ဆိုရင် ဘယ်လို ရှေ့ဆက်မလဲဆိုတာ အရင်စဉ်းစားပြီးမှ ငြင်းသင့်တယ် လို့ထင်တယ်"

နှောင်း ဒီနှစ်ကုန်ရင် မဟာဘွဲ့ယူရတော့မည်။ PhD ဆက်တက်ပြီး သုတေသန လုပ်ငန်း တွေဘက် ဦးတည် မည်ဟု ရည်မှန်း ထားခဲ့တာ မဟုတ်လား။

Until 100th Day (GL)Where stories live. Discover now