Part 19

427 41 4
                                    

Unicode Version

ဓါး။

ရှီရီနာ။ ပြန်ရောက်ရောက်ခြင်း ဆုပန် အနီးနားမှာ ခ‌ျွန်ထက်၍ လှီးဖြတ်နိုင်သည့် အရာများ မရှိစေရန် လုပ်ဆောင်သည်။ ဆုပန် တစုံတစ်ရာ ထပ်ဖြစ်သွားမည် ဆိုလျှင် သူ ခံစားနိုင်မည် မဟုတ်ပေ

မာန် ပြောသမျှ မှန်ကန်နေတက်ပြီး လိမ်ညာ ခြင်းမရှိဘူးဆိုတာတော့ သူ ယုံကြည်သည်။ ခက်ခက်ခဲခဲ ရှာတွေ့ထားရသူမို့ မှဲ့တပေါက်ပင် မစွန်းစေချင်ပေ။

"ဘာလုပ်နေတာလဲဟင်"

အိမ်ပေါ်တက်လာသူ ဆုပန်။ သူ ရောက်စက ပန်းခင်းဘက် ထွက်သွားသည်ကို မြင်လိုက်ရသည့် အတွက် ရှင်းလင်းရေး လုပ်ဆောင် နေချိန် ပြန်ရောက်လာခြင်းဖြစ်မည်။

"ဪ"

ရှီရီနာက ပြုံးရင်း

"ဒီအတိုင်းပါပဲ၊ မျက်စိထဲ ရှုတ်နေလို့..... ဘယ်လိုလဲ နေရတာပျော်ရဲ့လား"

ဆုပန် ပြုံး၍ ခေါင်းညိတ်သွားသည်။

"နေသားကျအောင် နေသွားမှာပါ"

ဘဝပေါင်း မြောက်မြားစွာ ဖြတ်ကျော်လာ သူမို့ ဒီနေရာက စိမ်းသက်နေမည် ဆိုသော်လည်း မကြာခင်တော့ ရင်းနီးလာမှာပါ။ သူပြုံးပြီးခေါင်းညိတ်သည်။

လက်ထဲက တကောင်း ကို ပြန်ချပြီး

"လာ"

"ထိုင်"

ထိုင်စေရန် လက်လှမ်းသည်။ သူ့ကိုလက်ပြန်ပေးခြင်းမရှိဘဲ မလှမ်းမကမ်းမှာ ဝင်ထိုင်သည်။ တင်ပြင်ခွေ ထိုင်ချသည်။ သူ့အသားကို ထိရန် ဝန်လေးနေသည်က ဆုပန်ရဲ့ အသွင်အပြင်တွေပဲ မဟုတ်လား။

အင်မတန် ယဉ်ကျေးသိမ်မွေ့ပြီး အရှက်ကြီး သည့် မိန်းကလေး။ ရှီရီနာ ပြုံးပြီးကြည့်ကာ  သူမလက်ကို လှမိးဆွဲတော့ ကိုယ်က အနည်းငယ်ကျုံ့ကာ မလိုလား သည့် အမူအယာ ပြသည်။

"မကြောက်ပါနဲ့၊ အတူတူနေရတော့မှာပဲ ကို"

ဆိုတော့ မျက်လွှာ ချသွားသည်။ နားရွက်ဖျား လေးမှာ နီရဲလာသည်။

"သဘောသဘာဝကို နားလည်မယ်ထင်ပါတယ်၊ လာမယ့် လပြည့်ည မှာ ကိုယ်တို့ လက်ထပ်ကြမယ်၊ အချိန်အများကြီး မကျန် တော့တဲ့အတွက် အတူတူနေသွားချင်တယ်"

Until 100th Day (GL)Where stories live. Discover now