Part 20

383 45 4
                                    

Unicode Version

Unicode Version

လပြည့်အလိုတစ်ည လမင်းကြီးကို သူမ ငေးြကည့် နေသည်။ မနက်ဖန် ဆိုလျှင် လပြည့် ဖြစ်သည်။

မင်္ဂလာပွဲ ကို သူမ အားဖိတ်ကြားထားသည်။ ထို့အတွက် လက်ဆောင်ပြင်ဆင်ပေးရမည်။  စဉ်းစားရန်ပင်မလိုသည့် လက်ဆောင်မို့ သူကြိုက်နှစ်သက်မှာပါ။

လက်တလော အခြေအနေမှာတော့ လောကကြီးရဲ့ အလှတရားကို အပြည့်အဝ ခံစားလျှက်။

"နှောင်း"

ဖေဖေနဲ့မေမေ တို့ ကိုပင် သူမ မတိုင်ပင် ဖြစ်သလို တနေ့တခါ စကားပင် ရင်းရင်းနှီးနှီး မပြောတော့ပေ။ ယခုတော့ ဖေဖေ ရောက်လာ သည်။ နှောင်း လှည့် ကြည့်သော်

"တစ်‌ယောက်ထဲ ဘာလုပ်နေတာလဲ"

နှောင်း ပြုံးတယ် ဆိုရုံလေးနှင့်

"မအိပ်ချင်သေးလို့ပါ၊ အပြင်ဘက်မှာ လေကောင်းလေသန့်ရတယ်၊ အေးချမ်းတယ်"

"နေ့စဉ်နေ့တိုင်း ဒီမှာပဲ အချိန်ကုန်နေရခြင်းက ရှီရီနာ နဲ့များ ပတ်သက်နေလား၊ သမီးတို့ ချင်းပြဿနာဖြစ်ထားကြလား"

နှောင်းက ခေါင်းခါရင်း

"မဟုတ်ပါဘူး၊ နှောင်းက သူ့အတွက် ဘယ်လိုလူဆိုတာ ဖေဖေလဲသိရက်နဲ့"

ဆိုတော့ ဖေဖေ ခေါင်းညိတ်သည်။

"ဖေဖေတို့ အပေါ်ကို တောင် သမီး နည်းနည်း စိမ်းကားနေတယ်လို့ ထင်မိတယ်၊ သမီး စိတ်ထဲ ဘာရှိလဲ မခန့်မှန်းနိူင်တော့ ဘူး။

အရင်လို တက်တက်ကြွကြွ လဲမရှိဘူး၊ စိတ်မကောင်းစရာ တစ်ခုခုများရှိနေလား၊ ဒါမှမဟုတ် စိတ်ခုနေတာ များလား"

နှောင်းက ပြုံးပြသည်။

"နှောင်း ဒီအတိုင်းလေးပဲ နေချင်လို့ပါ"

"သမီး မောင်လေး စကောလားရှစ် ရွေးခံရတယ်၊ ကျောင်းကပို့ပေးတာ ဆိုတော့ ရှေ့လထဲမှာပဲ သွားဖို့စီစဉ်ရမယ်တဲ့၊

သမီးကိုလဲ‌ေတွ့ချင်နေတာ၊ တရက်ရက်တော့ ကျောင်း ကိုသွားရအောင်"

တရက်ရက်၊ နှောင်း ခေါင်းညိတ်သည်။ ဖေဖေက သူမ ပုခုံးလေးကို ဆုတ်ကိုင်ကာ

Until 100th Day (GL)Where stories live. Discover now