Part 5

1.2K 88 5
                                    

Unicode Version

"Goodnight"

နှောင်းရဲ့အိပ်ရာက အပြင်ဘက် ဧည့်ခန်း ဆိုပေမယ့် သူ့အခန်းက အတွင်းဘက်မှာပင်။

ထူးထူးဆန်းဆန်း နူတ်ဆက်သွားသည်။ အရင်ညတွေတွေရင်တော့ ဘယ်အချိန်ကများ ဝင်အိပ်လဲ မသိရပါပဲ။

"အပြင်မှာ ဘာအသံကြားကြား ထွက်မကြည့်နဲ့"

နှောင်း သက်ပြင်းချသည်။သူ အခန်းတံခါးပိတ်သွားသည်။ အမိုးကနေ ဆွဲထားသည့် မီးအိမ်လေးက ညတဝက်ထိတော့ အလင်းရောင် ပေးနိုင်သည်။

လိုအပ်သည့် ပစ္စည်းဝယ်ဖို့ မြို့တက်သည့် အချိန်လဲရှိချင်ရှိမှာ၊ နှောင်းအကင်းပါး ဖို့ပဲ လိုသည် မှောင်မိုက်နေသည့် အထဲ အပြင်မှ လရောင်၊ အခန်းတွင်း မီးရောင်အနည်းငယ်က အိပ်ပျော်စေရန် တွန်းအားပေးလို့သာ။

အချိန်တစ်ခုကို ဖြတ်ကျော်သွားချိန်မှာတော့

"ဒုန်း"

အတိုးမကျယ်သော အသံကြောင့် သူမ ဆတ်ခနဲ လန့်နိူးလာသည်။ ရင်ထဲလဲ တိတ်ဆိတ်မှုကိုရိုက်ချိုးဖျက်သည့် အသံကို ကြားမိသော် သိမ့်ကနဲတုန်ရင်း ထိတ်လန့် နေသည်။

ဟို တစ်ယောက်ပြောတဲ့၊ ထွက်မကြည့် ဖို့ပြော ထားသည်။ သို‌ေ့သာ်လဲ။ သူမ နိုးနေပြီ။ ခြေထောက်က ထရပ်ရန် အဆင်မပြေ သေးဘူးဆိုလဲ တရွတ်တိုက်တော့ သွား လို့ရသေး သည်။

ဆံပင်ကို အပေါ်လှန်တင်ပြီး လေးဖက် ထောက်က။ တံခါးအနီးသို့ တဖြေးဖြးချင်း ချည်းကပ်လာသည်။ ရှီရီနာ ဆိုသူတော့ လတိုင်းကြုံနေသည့် အရာမို့ နိူးမှာကို မဟုတ်ပါ။

တံခါးအနီးရောက်တော့ တံခါးကို ဟ သည် ဆိုရုံလေး ဖွင့်လိုက်သော် လရောင်က အခန်းအတွင်းကျရောက်လာသည်။ လေအေးနှင့် အတူ မွှေးရနံ့တစ်ခု။ညမွှေးပန်း ဖြစ်မည် ထင်သည်။

တစ်လက်မ သာသာဖွင့်ပြီး အပြင်ဘက်ကို မျက်စိကစား ကြည့်တော့ ခြံဝန်းထဲမှာ ကျောပေးရပ် နေသည့် အမျိုးသမီးတစ်ဦးကြောင့်  သူမ တံခါးအမြန်ပိတ်သည်။

အဲတာ လူမဟုတ်ဘူး။ သတ္တ်ဝါ တစ်ကောင် ရှိတယ်။ လပြည့်ည။

ထိုစကားတွေရဲ့ အဖြေက ထိုအမျိုးသမီးဖြစ် ရမည်။ ဆိုတော့ ရှီရီနာလဲ ကြောက်တက် သေးတာပဲ။  နှောင်းက ထပ်မံ၍ တံခါး ဖွင့် ကြည့်သည်။ ထိုအမျိုးသမီးရှိနေသေး သည်။

Until 100th Day (GL)Where stories live. Discover now