Unicode Version
ရှီရီနာ လက်သီးဆုတ်မိသွားသည်။ သူမ စိတ်ထဲက အတွေး၊ အပြင်နူတ်က အပြော ဆိုသည့် အခြေအနေမှာ ရုတ်တရပ် ဝေခွဲမရ ဘဲ အဖြေပေးလိုက်မိခြင်းကြောင့် ဆုံးဖြတ်ချက်မှားယွင်းသွားခဲ့ ပြီ။
"ရှီရီနာ"
သို့သော် သူမကို ပုံစံ မပျက်၊ အမူအယာ မပျက် ပြန်ကြည့်ကာ မေးဆတ်ပြလိုက်သည်။ ဘာလဲ ဆိုသည့် အမေးပင်။ နှောင်းရဲ့ ရုတ်တရပ်ဆန်သော အခြေအနေတစ်ခုကြောင့် မျက်ခုံးများညွှတ်ကျိုးနေပြီး
"နင် ဘာပြောလိုက်တာလဲ"
"ဟမ် ငါဘာပြောလို့လဲ"
နှောင်း ကိုယ်က မတ်သွားသည်။ သူပြောတာ ဟုတ်ပါတယ်၊ နှောင်း သူ့ကို ထူးထူးဆန်းဆန်း။စိုက်ကြည့်နေသည့် အတွက်
"မင်း အစားအသောက်ကို ပိုပြီးဂရုစိုက်သင့်တယ်လို့ ပြောတာလေ၊ ဘာမှားလို့လဲ၊ ထူးဆန်းတာပါနေလို့လား"
အဲဒီစကား မဟုတ်ဘူးမှတ်လား၊ နှောင်း မျက်တောင်များပုတ်ခက်ပုတ်ခက်နှင့် သူ့စကားကို သေသေချာချာစဉ်းစားပြီး စီစစ် နေသည်။
ရှီရီနာ စကားလွန်သွားခဲ့ခြင်းပင်။ ယခုလို အခြေအနေနဲ့ သူမ အပေါ် ပုံစံတူ ဆက်ဆံရင် မကြာခင်သံသယအဝင်ခံရမှာပါ၊
သူမ သဘောကျနေတဲ့ ရှီရီနာဆိုတာ လက်ရှိမြင်နေရတဲ့ ပုံစံ မဖြစ်သင့်ပေ။ အစစ်အမှန်ကို သာ သဘောကျသင့်သည်။ ယခုလို ပုံစံက လူတစ်ယောက်လို အတူတူရှိပေးနိုင်တဲ့ အကောင်းဆုံးအခြေအနေ ဖြစ်သည်။
နှောင်း ဘာမှ ဆက်မပြောပေမယ့် ကိုယ်ကြား လိုက်တဲ့ စကားကို ကိုယ်သာ အသိဆုံး။ ထိုသူကို သူမ စွဲလန်းနေသည့် အရိပ်အယောင်ကို သူ မနှစ်သက်ခြင်းက သူမ အပေါ် ခံစားချက် ရှိနေတယ်လို့ ယူဆမိသည်။
သူမတို့နှစ်ယောက်လုံးက မိန်းကလေးတွေပါ။ တကြိမ်တခါလေးမှ လိင်တူချစ်သူထား ဖို့ဆိုသည်ထက် ချစ်သူရည်းစား ထားမည် ဆိုသည်ကို မတွေးခဲ့ဖူးသော ကြောင့် လက်ရှိ အခြေအနေက နှောင်းအတွက် အသစ်အဆန်းပင်။
အမှန်တရားတစ်ခုက ထို သူ ဆိုသည်မှာ လူမဟုတ်၍ အသက်ရှင်နေသည့်နှလုံးသား မရှိသည့် သူဆိုတာ မလွဲမသေ။ သို့သော် ရှီရီနာက လူသား မဟုတ်လား။ထို့ကြောင့်

YOU ARE READING
Until 100th Day (GL)
Vampireအချစ်ကအရာအားလုံးကို ပြောင်းလဲပစ်နိုင်တယ် ဆိုတာ ယုံကြည်လား၊ Creative by LacunoVc.