Part 13

553 49 5
                                    

Unicode Version

"ဒွီ"

အပန်းရောင်အသားပေါ် UTOO Kendo ဟု စာသားပါသည့် အဖြူရောင် နှိပ်ခလုပ်လေး သည် တဖက်တွင် ‌ရှည်မျောပြီးဝန်းသည့် ပုံသဏ္ဌာန်ရှိသလို တဖက်တွင်တော့ ခပ်မောက်မောက် အဖျားကော့သည့် ထို sex Toy ထံမှာ တုန်ခါမှုကြောင့် လက်ထဲက အလိုလို လွတ်ကျသွားသည်။

Vibrator တစ်ခု ဖြစ်သည့် အပြင် ဘယ်မှာ သုံးရသည်ကို မသိ။ ခလုပ်ပြန်ပိတ်ပြီး အညွှန်းကို ဖတ်သည်။ အသုံးပြုကို ဖတ်ပြီးသည့် နောက် သူမ နားရွက်ဖျား များ နီရဲကာ လက်ထဲက လွတ်မယ့် တနေရာကို ပစ်ပေါက် လိုက်သည်။

သူမ ဘာတွေဝယ်မိနေတာလဲ။ ချက်ချင်း မီးပိတ်ပြီး စောင်ခြုံကာ လှဲအိပ်မိတော့ သည်။ တခြားသူတွေဝယ်နေလို့သာ သူမ စိတ်ဝင်စား လို့ လိုက်ဝယ်မိတာ၊ အသုံးပြုဖို့ ဆိုလျင် ဝေးစွ။

လောကမှာ အဲဒီလို ပစ္စည်းရှိနေတာ ကိုသိပေမယ့် လက်တွေ့ မမြင်ဖူးသည့် အတွက်ကြောင့်။ တော်ပါပြီ။

အမြန်အိပ်ပျော်ဖို့သာ။

အချိန်တစ်ခု အကြာတော့ သူမ အိပ်ပျော်ရင်းက သူမရဲ့ မိန်းမကိုယ်မှာ တင်းပြီးနာ နေသည့် ခံစားချက်ကြောင့် ထပ်တကြိမ် နိုးလာ သည် ဟု ထင်မှတ်မိသည်ကြောင့် မျက်လုံးဖွင့် ကြည့်သော် သူမ ကိုယ်ကို ပွေ့ပိုက် ထားသည့် တစ်စုံ တစ်ယောက်ကြောင့် နှောင်း မျက်ဝန်းများ ပြူးကျယ်သွားသည်။

နင်ဘယ်သူလဲ။ နူတ်က ဘာစကားသံမှ ထွက်မလာပေ။

အနီးကပ်မြင်လိုက်ရသည့် ထိုသူက တခြား မဟုတ်။ ရှီရီနာ ဖြစ်နေသည်။ ဘာလို့ ရောက်နေတာလဲ။ သူမ ကိုဘာလုပ်နေတာလဲ။

"အိပ်ပျော်နေတဲ့ အချိန်လေးကို အိပ်မက်ထဲ မှာတောင် မကြည်ဖြူဘူးလား"

အိပ်မက်။ သူမ အိပ်မက် မက် နေတာလား။ သူမ ကို ခါးမှ ပွေ့ပြီး ထထိုင်စေ သည်။ အနီးကပ် အနေအထား။ သူ့ကိုသူ အလ်ကာရှားလို့ ပြောပြီး အမှန်တော့ ရှီရီနာ ဖြစ်နေသည့် သူ မဟုတ်လား။

"အိပ်မက်ထဲမှာတော့ ငါမင်းကို ထိခွင့် ရှိမယ် မဟုတ်လား"

ညှာတာမှုမရှိသည့် အလ်ကာရှား ရှီရီနာ နဲ့၊ သူမ နားတွင် အတူရှိနေပေးသည့် ရှီရီနာက တစ်ယောက်ထဲ လို့သာ သူမ သိခဲ့ရသည်။ အမှန်တော့ ရုပ်ချင်း ကနည်းနည်းလေးမှ မဆင်တူပေ။

Until 100th Day (GL)Where stories live. Discover now