Part 2

746 46 4
                                    

Unicode Version

ဦးဝေမော် စာကြည့်ခန်းထဲတွင် အိပ်မပျော်၍ စာဖတိနေသည်မှာ အချိန်အားဖြင့် ည ၂ နာရီ ကျော်ချိန်ရောက်လုလု နီးပါးဖြစ်နေပြီ။

သမီး နှောင်းရဲ့ကိစ္စမှာ ဖခင်ဖြစ်သူ အနေနဲ့ ဘာမှအထောက်အကူမပေးနိူင်။ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာခဲ့သည့် အကြောင်းအရာ ဖြစ်သည်နှင့် အညီ ဘယ်သော အချိန်ကတဲက တည်ရှိသည့် အရာမှန်းမသိသလို

အမှန်တကယ်ကော ဖြစ်နိုင်ရဲ့ လားဆိုတာ သူလဲ သံသယဝင်မိသည်။ ထိုသူ ဆိုတာ ဖြူသလားမဲသလား တခါမှလဲ မမြင်ဖူးသည်ြ အပြင် အထီးလား အမ လား ဆိုတာပင် မသိ။

ဖေဖေ ပြောခဲ့၍သာ။ သူ သိခဲ့ရသည်။ ယခုတော့ ဖြင့်။ နှောင်းရဲ့ဆုံးဖြတ်ချက်က ပြင်ဆင်မှာ မဟုတ်သလို။ သူ့ဘက်ကလဲ ထပ်မံပြီး ပြောဆိုဖို့ရန် အင်အားအရှိ။

"ဂျိန်း"

ရုတ်တရပ် လေမတိုင်ပါပဲ အတွင်းဘက်မှ ပိတ်ထားသည့် ပြတင်းမှာ အရှိန်နှင့် ပွင့်ထွက် လာသည်။ တဆက်ထဲ လျပ်စစ်မီးများ ပျက်တောက်သွားပြီးနောက်

ဦးဝေမော် ချက်ချင်း ဆုံလည်ကုလားထိုင်ပေါ် မှီကျသွားသည်။

သူ့စာပွဲရှေ့မှာ လူတစ်‌ယောက် ရောက်ရှိ နေပါပြီ။ လရဲ့ အလင်းရောင်ကြောင့်သာ မြင်ရသည် ဆိုပေမယ့် မျက်နှာကို သေချာမမြင်ရ။

အရွယ်အစားအရတော့ အရမ်းနဲ့ ထွားကျိုးသည့် ပုံစံမျိုးမဟုတ်ပါပဲ။ အေးစက်သည့် အငွေ့အသက်များက တခန်းလုံးကို လွမ်းခြုံ သွားစဉ်မှာတော့ ဦးဝေမော် သိလိုက် လေပြီ။

"အခုလို ငြင်းဆန်နေလဲ အချိန်ရောက်လာရင် အဆင်သင့်  ဖြစ်နေမယ်ဆိုတာ ခင်ဗျား သိမှာပါ"

လူတစ်ယောက်ရဲ့အသံ ဆိုပေမယ့် အသံကအော သလို ချိုသည့် ဘက်လဲသွားလေ တော့ မခန့်မှန်းနိုင်ပေ။

"အပေးအယူကတိကို ချိုးဖောက်ချင်ရင်တော့ တန်ရာတန်ကြေး ပေးဆပ်ရမယ်၊"

ဦးဝေမော်က ထရပ်ပြီး

"ကျွန်တော် နားချမှာပါ၊ သမီးလေးက သူ့မှာ ရည်ရွယ်ထားတဲ့ အကြောင်းအရာ တွေရှိနေ တော့ လောလောဆယ် လက်မခံနိုင်သေး တာ ဖြစ်နိုင်ပါတယ်"

Until 100th Day (GL)Where stories live. Discover now