Part 11

1.1K 83 4
                                        

Unicode Version.

နှောင်း။

လသာဆောင်မှာ ရေကူးကန်ဘက်ကို မျက်နှာ မူရင်း ပုဲမှန် မဟုတ်သည့် အခြေအနေကို မျက်မှောင်ကုတ်ရင်း တွေးတော နေသည်။

မနက်ခင်းကကို နေရောင်ချည်ကို သေချာမြင်ရသေးသည်။ နောက်ထပ် စိတ်တိုင်းမကျ သည်က ရှီရီနာ။

အမူအယာ တွေသလိုပျက်ယွင်းနေသည်က မသိသာ ပေမယ့် နှောင်းစိတ်ထဲ ဘာကြောင့် မသင်္ကာ ဖြစ်နေသည် ကို နားမလည်။။

အိမ်ပြန်ရောက်ကတဲက နေရောင်ပင် မ ‌ေတွ့ရပါ ။ မိုးရွာရင်ရွာ။ မရွာရင် တိမ်အုပ်။ မြို့ထဲမှာကော အခုလိုပဲလား။ လျောက်လမ်း မှာ မှန်ပေါင်းမိုးရှိသည်မို့ အိမ်ဘက်ကို အမြန်ဆုံး ပြန်လာသည်။

အိမ်မှာနေရင် ဒီအတိုင်း ဘယ်သိနိုင်မှာလဲ။ အိမ်ထဲဝင်တော့ အောက်ထပ်မှာ ဖေဖေ နဲ့ စကား‌ပြောနေသည့် ရှီရီနာ။

ဒီနေ့က ဖေဖေ ခွင့်ယူထားပုံပေါ်သည်။ သူမ ဝင်လာတော့ စကား ပျက်သွားသည်။ နှောင်းက

"ဖေဖေ"

"နှောင်းရဲ့ကားက ဂိုဒေါင်ထဲမှာပဲလား"

ရှီရီနာ သူမကို လှည့်ကြည့်လာသည်။ နှောင်းက ဖေဖေ့ကို သာအာရုံစိုက်ထားသည်။

"ဟုတ်တယ်၊ နှောင်း အပြင်သွားမလို့လား'

"ဟုတ်၊ပီဇာ သွားစားမယ်၊ ရှီရီနာ နင်ကော လိုက်မယ် မဟုတ်လား"

ရှီရီနာက သူမဘက်ကို မျက်နှာမူကာ

"မိုးက ရွာရွာ နဲ့ ဘာလို့ အပြင်သွားနေမှာလဲ၊Deli ရှိတယ် မဟုတ်လား၊ ဖုန်းဆက် မှာလိုက်"

နှောင်းက ပြုံးရင်း

"ဆိုင်မှာ စားတာလောက် ဘယ်ကောင်းမလဲ၊ သွားရအောင်၊ အပြန်ကို အလုပ်ထဲ ခဏ ဝင်ချင်သေးလို့"

ရှီရီနာ လက်သီးဆုတ်မိသွားသည်။ ဘယ်လို တားရမလဲ။ နှောငိးက

"မလိုက်ချင်ဘူးလား နင်က"

တစ်ယောက်ထဲလဲ လွတ်ထားလို့မရ၊ သူလိုက်၍လဲ မဖြစ်။ ဘယ်လိုလုပ်ရမလဲ။

"ဘယ်ဟုတ်မလဲ၊ ရာသီဉုတုမကောင်းလို့ အန္တရာယ်မများဘူးလား၊ ကားမောင်းဖို့က"

Until 100th Day (GL)Where stories live. Discover now