Part 23

400 42 6
                                    

Unicode Version

နေအလင်းရောင် ပျောက်ကွယ် သွားသည်နှင့် နှောင်းသတိမေ့သွားသည်။ နေ့ခင်းဘက်မှာ မှတ်ဉာဏ်ဖျက်ခံရသည့် အတိုင်းအတာ ကလွဲရင် အားလုံးမှတ်မိ နေပေမယ့် နေရောင် ပျောက်သွားသည်နှင့် သတိမရှိပဲ၊ လည်တိုင်မှ ဒဏ်ရာမှာ အသစ် တဖန် ပြန်လည် ဖြစ်ပေါ်လာသည့် အတွက် ရှီရီနာ နေရာမှာပဲ တွေတွေကြီး ရပ်နေမိတော့ သည်။

ပထမဆုံး နေ့နှင့် ည ပြောင်းလဲ သွားသည့် အခြေအနေ ကြောင့် ဝမ်းနည်းဒေါသ တစ်ခုသာ သူ့ဆီတွင် ကျန်ရစ်ခဲ့သည်။

ဘာတွေဖြစ်နေတာလဲ၊ ဘာကြောင့် ဖြစ်တာလဲ၊ သူ ဘာလုပ်သင့်လဲ၊ အဖျားရှိန်ကြောင့် ကယောင်ကတန်းဖြစ်နေသည့် အခြေအနေ မှာ နှောင်းကို ပွေ့ဖက်ထားပေးသည်။

သူမ နူတ်က တောင်စဉ်ရေမရ ရေရွတ်မှုတွေ၊ တုန်ရီနေသည့် ခန္ဓာကိုယ်ရယ် ၊ မျက်ရည် တွေရယ်၊

ရှီရီနာ မျက်ရည်များဝဲလာပြီး အံတင်းတင်း ကြိတ်ထားတော့ သည်။ သူ ဘာမှ မလုပ်ပေးနိုင်ဘူး၊ သူ သည် တန်ဖိုးမရှိ အသက်ရှင်နေရသည်။

သူမ အတွက် ဘာမှမကူညီနိုင်၊ မလုပ်ဆောင် ပေးနိုင်ဖြစ်ခဲ့ရပြီး ယခုလို ဝေဒနာ ခံစားနေရသည့် တိုင် သူ မစွမ်းသည့် အတွက်။ သူမ ကိုအိပ်ရာ‌ပေါ် ပြန်လှဲချပြီး

ဓါးကို ထုတ်ကာ လက်မြှောက်လိုက်ပြီး ကိုယ့်နှလုံးသား ကိုယ် ထိုးခွင်းရန် အပြု၊

ရုတ်တရပ် ဦးနှောက်ထဲ ဝင်လာသည့် အကြောင်းအရာ တစ်ခုမှာ၊

"ရွှက်"

လက်ကောက်ဝတ်သွေးကြောကို ဖြတ်တောက်ပြီး သူမ ကိုယ်ကို လက်တဖက်ဖြင့် ပွေ့ထူကာ သူမ ရဲ့နူတ်ခမ်းထက် သွေးများ စီးကျစေတော့ သည်။

နှောင်းရဲ့‌ေသွးက သူ့အတွက် ဆေးဖြစ်သလို သူ့ရဲ့‌‌ေသွးကလဲ နှောင်းအတွက် ဆေးဖြစ်‌ေစချင်သည်။ထိုအခါမှ နှောင်းရဲ့ အခြေအနေက တည်ငြိမ်လာသည်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွား သည့် နောက်၊

သူမကို ပြန်လှဲသိပ်ပေးသည်။ နောက်တော့ ကုတင်ခြေတွင် ထိုင်ချရင်း ကိုယ့်လက်ကို ပြန်ကြည့်သည်။ သူရယ်လိုက်သည်။

Until 100th Day (GL)Where stories live. Discover now