Part 17(ပျူခေတ် နိဂုံး)

465 46 4
                                    

Unicode Version

သူမကို အမြတ်တနိုးငေးစိုက်ကြည့် နေ၍ ဆုပန် မနေတက် တော့ပေ။ ဆုပန် ဒီကို နူတ်ဆက်ဖို့ ရောက်လာခြင်းဖြစ်သည်။

ယခုလှေတမ္မာန်လဲ ထွက်သွားပြီ။ သူ မလိုက်ပါသွားသည့် အပြင် သူမကို နေရာတစ် ခုသို့ ခေါ်လာသည်။

သူနှင့် အတူနေခဲ့သူက တနေရာကို ထွက်ခွာ သွားခဲ့သည်။ ဆုပန် ရဲ့ လက်ဖဝါးနုနု လေးကို အသာဖျစ်ကိုင်ပြီး မ ယူကာ နမ်းရှိုက်သည်။

"ဆုပန် အိမ်ပြန်ဖို့လို...."

"ခ‌ဏလောက် နေပါအုံး၊ ဘာမှမဖြစ်စေရပါ ဘူး"

ထို့ကြောင့် ငြိမ်နေသည်။ သူမ ကို ခေါ်လာသည့် ရည်ရွယ်ချက် ကို ဆုပန် မသိသေးပါ။ ထိူ့ကြောင့် သူ့ရဲ့အရိပ်အချည် ကိုစောင့်ကြည့် နေသည်။

"ကိုယ်.... လက်ရှိဒီမှာ နေမယ့် အချိန် ကာလတစ်ခုက တရားမဝင် နေထိုင်သူ အမိန့်အာဏာ ကို ဖီဆန်တဲ့ သူ၊

ရဲမက်တွေ ကိုယ့်ကို တွေ့သွားရင်ဖမ်းခေါ်ခံ ရပြီး ကြိုးပေးခံရမှာ"

ဆုပန် သူ့ကို မော့ကြည့်သည်။

"ဒါပေမယ့် ကိုယ် ကြိုးစားကြည့်ချင်သေး တယ်၊ မင်းနဲ့ အခုလို ထာဝရ လက်တွဲထား ချင်တယ်"

ထိုအခါ လက်ကို ပြန်ရုန်းသည်။ ဆုပန် ‌ချောင်း ဟန့်သည်ပင် အသံမထွက်။ နောက်သို့ အနည်းငယ် ဆုတ်ရင်း

"ဆုပန် အားလုံးရှင်းပြမယ်၊ ဒီကို ရောက်လာရခြင်းက နူတ်ဆက်ဖို့ပါ၊ ဆုပန်တို့ အချိန်အတိုင်းအတာ တစ်ခုထိ သိကျွမ်းခဲ့သည့် အတွက် ခင်မင်မှု သဘောဖြင့် လာနူတ်ဆက်ခြင်းပါ"

သူမ ပြောသည်ကို သူနားထောင်နေသည်။ ဆုပန်က

"ဒီက အဆွေ အပေါ် အခြား စိတ်မရှိသည့် အတွက် အထင်အမြင် မလွဲစေချင်ပါဘူး"

ထိုအခါ ဆုပန်ကို သူ တချက် ပြုံးပြီးကြည့် သည်။

"ဟိုတနေ့ရဲ့ အဖြစ်အပျက်လေးက သက်သေပါပဲ ဆုပန်၊ ကိုယ့်စိတ်ထဲက သိတယ်၊ မင်းလဲ ကိုယ့်အပေါ် စိတ်ရှိနေတယ် ဆိုတာ"

ဆုပန် လက်ဖျား တွေအေးစက်လာ သည်။

"ဆုပန် မလိမ်ပါဘူး၊ အဲဒီတစ်နေ့က အဖြစ်အပျက်လေးမှာ အဆွေသာ  အမျိုးသား တစ်ဦး သာဆိုလျှင် ဆုပန်က..."

Until 100th Day (GL)Where stories live. Discover now