Part 8

1K 73 1
                                    

Unicode Version.

အချိန်ကာလ အားဖြင့် မည်မျှ ဆိုသည်ကို အတွက်ချက်ထားသော်လဲ ကောင်းကင်တွင် ထွန်းလင်းနေသော လမှာ တဖြေးဖြေး ပဲ့ထွက် နေသည်မို့ 15 ရက်အထက်တော့ ရှိလောက်မည်ထင်သည်။

‌လက်ရှိနေရာလေးမှာ ကောင်းကင်နှင့် လကို ညတိုင်းလိုလို မြင်ရပေမယ့် နှောင်းတစ်ယောက်ထဲ တော့ အပြင်မှာ မနေတော့ပေ။ ယခုတော့ ရှီရီနာ လဲရှိနေသည်။

အခါးရည်သောက်ရင်း ရောက်တက်ရာရာ ပြောပေမယ့် သူ့အကြောင်းကို တော့ နည်းနည်းမှ နူတ်မကျွံပေ။ နှောင်းသိချင်သည်။ ရှီရီနာ ဘာကြောင့် ဒီကို ရောက်နေလဲ။

ဟိုတစ်ယောက်နဲ့ ဘယ်လို အဆက်အစပ်ရှိနေတာလဲ။ သူ့လက်အောက်က လူလား။ မည်သို့ပင်မေးနေပါစေ ။တိုက်ရိုက်မေးလဲမဖြေ။ သွယ်ဝိုက်လဲ မဖြေ။ စကားနှိုက်လဲမရ။

နှစ်ယောက်အတူရှိရင်တော့ ကျောင်းသား ဘဝ အကြောင်းတွေ ပြောတက်လေတော့ ရှီရီနာသည်လဲ ပညာတက်ဘွဲ့ရဖြစ်မည် ဆိုတာ ခန့်မှန်းမိပြီးဖြစ်သည်။

"ဒီလိုတောတောင်ဆိုတာ အရမ်းတန်ဖိုးရှိတယ်၊ အခုနေကြည့်တော့ ဘယ်လိုလဲ"

နှောင်းက ခေါင်းညိတ်သည်။ ညအချိန်မှာကိုပင် အရမ်းလှပြီး စိတ်ကိုကြည်နူးစေတာမို့

"အိမ်ကို လွမ်းရကောင်းမှန်းမသိတော့ဘူး"

"အဟက်"

နှောင်းက ပြုံးသည်။

"ပြောပြပါလား၊ နင်က ဘာလို့ ဒီရောက်နေတာလဲ။ ဘာလို့ ဒီမှာ ငါ့ကို ခေါ်ထားပြီး ဒုက္ခ ခံနေတာလဲ"

ရှီရီနာ ပြုံးရုံပင်။

အဖြေ ဆိုတာ မရှိ။ တစ်ညထဲ ဘယ်နကြိမ်ရှိပြီလဲ။ ထိုမေးခွန်း။ ဒီတရက်ထဲ မဟုတ်။ စကားလက်ဆုံကျရင် အမြဲတမ်း ဖောက်ဖောက် ပြီးမေးတက်သူမို့ ပြုံးရုံနှငိ့ လုံလောက်သည်။

"အချိန်လဲ မစောတော့ဘူး၊ ငါအိပ်တော့မယ်၊ ...အပြင်မှာ လသာနေတာပဲ ...မင်းနေချင်ရင်"

"ဘယ်သူပြောလဲ"

ရှီရီနာ မထခင်ပဲ။ နှောင်းက လက်ဦးမှု ယူပြီး အမြန်ထပြေးကာ အိမ်ပေါ် တက်သွားသည်။ ရှီရီနာ ရယ်ရင်းကျန်ခဲ့တော့ သည်။

Until 100th Day (GL)Where stories live. Discover now