Part 10

1K 70 5
                                    

Unicode Version

"နှောင်းကို ဘာလုပ်လိုက်ပြီလဲ" ဦးဝေမော် မည်သို့မှ သည်းမခံနိုင်၍ တိုက်ရိုက် မေးခွန်း ထုတ်သည်။ ရှီရီနာက မျက်နှာထားခပ်တင်းတင်းပင်။

ဆိုဖာမှာဝင်ထိုင်ရင်း ရေနွေးပန်းကန် ထဲ အခါးရည်ငဲ့ထည့် သည်။ ဦးဝေမော်ကရှေ့တိုးလာပြီး

"အခု ကျွန်တော်တွေ့ရသလောက်တော့ နှောင်းက  မင်းကို အရမ်းနဲ့ ခင်တွယ် နေတာ
တွေ့နေရတယ်၊ သူ့ကို ဘာလုပ်ထားတာလဲ"

"ခင်ဗျားရဲ့ သမီးစကားကို နားထောင်ရုံနဲ့ မပြည့်စုံဘူးလား၊ ငါက သူ့ရဲ့ မိတ်ဆွေ၊သူငယ်ချင်း ဟုတ်လား"

"မင်း သူ့ကို ဘာလုပ်ထားလဲ"

‌ရှီရီနာ က တချက်စောင်းကြည့်ပြီး

"အခုလို လေသံမာမာနဲ့ ပြောနိုင်တဲ့ အခြေအနေ ရောက်သွားပြီလား"

ဦးဝေမော် ထိုအခါမှ မျက်လွှာချသွားသည်။ နောက်ကိုလဲသိသိသာသာ ဆုတ်သွားသလို လက်သီးဆုတ်ထားသည်လံ ပြေလျော့ ခဲ့ရသည်။

"နှောင်း က ကျွန်တော့်သမီးဆိုတော့ စိုးရိမ်စိတ် များသွားတဲ့အတွက်ပါ။ တောင်းပန်ပါတယ်"

ရှီရီနာက အပြင်ကို လှမ်းကြည့်သည်။ သည်းထန်လွန်းသည့် မိုးကိုကြည့်ရင်း

"နှောင်းက ငါ့အတွက် နောက်ဆုံးလူဖြစ်နိုင် တာမို့ မင်းတို့ မနှောက်ယှက်တာ အကောင်းဆုံးဖြစ်မယ်၊

ပြီးတော့ မင်းညီမကော"

ဦးဝေမော် ခွန်းတုံ့မပြန်နိုင်ပါ။ နှောင်း အခုလို အခြေအနေ ရောက်ခဲ့ရတာ ဝေဝေလွင် ကြောင့် မဟုတ်လား။

ရှီရီနာ ဆက်၍

"အပေးအယူဆိုတာရှိခဲ့ပြီးပြီ၊ အဆုံးသတ်မယ်ဆိုရင် ပေးဆပ်ရမယ့် တန်ဖိုးကို ခင်ဗျား လက်ခံနိုင်မှာ မဟုတ်ဘူး"

"ပြီးတော့ နှောင်းကိုယ်တိုင်လဲ အရမ်းနာကျင်ရလိမ့်မယ်၊ ငါ က သူ့ကို မနာကျင်စေချင်ဘူး။
ပျော်ရွင်မှုပဲ ဖန်တီးပေးချင်တယ်၊"

"သူ့ကို နာကျင်အောင် လုပ်တဲ့ သူကိုလဲငါခွင့်လွတ်မှာ မဟုတ်ဘူး"

Until 100th Day (GL)Where stories live. Discover now