Part 15 (ပျူခေတ်)

550 37 1
                                    

Unicode Version

ခရစ်တော်မပေါ်မှီ ၁၂ နှစ်အလို၊ ပထမသရေခေတ္တရာမင်းဆက်ဖြစ်သည့် ၁၅ ဆက်မြောက်မင်း ရန်သိင်္ခ အုပ်စိုးစဉ်ကာလ ဖြစ်သည်။

မြစ်ဧရာကို ဆန်တက်လာသည့် လှေတမ္မာန် ဆိုသည် ၁နှစ်၂ နှစ် နေလို့မှ တကြိမ်တွေ့မြင် ရဖို့ခက်ခဲသည်။ အနောက်တိုင်းသားတို့ ကုန်သွယ်ရန် ရောက်ရှိလာချိန်မှသာလျှင် မြင်တွေ့ရသည်။

သရေခေတ္တရာပြည်သူပြည်သားတို့ သည် မြို့တော်ကိုလာရောက်သည့် ထိုအချိန်ကာလဆိုလျှင် ပွဲတစ်လုံးပင်။ အကြောင်းမှာ ကြီးမားသည့် လှေတမ္မာန်အပြင် တိုင်းတပါး သားတို့၏ ထူးဆန်းသည့် အသွင် အပြင် ၊အယူအဆ အပြောအဆို များသည် အားလုံး အတွက် အထူးအဆန်းမို့ပင်။

မြို့တော် သရေခေတ္တရာ မှာ ထီးနန်းစိုးစံသည့် ဘုရင်မင်းမြတ်နှင့် တွေ့ဆုံလေ့ရှိပြီး ထို့နောက်တော့ ပျူလူမျိုးတို့ နေထိုင်မှုများ သည့် မြို့တော်များကို ကူးသန်းရောင်းဝယ်လေ့ရှိကြသည်။

မြို့တော်ဟန်လင်းဆိုသည်မှာထဲ ကူးသန်း ရောင်းဝယ်ရာနေရာထဲတွင် တစ်နေရာ ပါဝင်သည်။

မတူညီသည့် တိုင်းပြည်မှ ကုန်စည်များဖလှယ် ပြီး ယဉ်ကျေးမှု ဖလှယ်လိုသည့် ရည်ရွယ်ချက် ဆိုသော်ဌား။

တိုင်းပြည်အခြေအနေ ကို လေ့လာနေသည် ဆိုသည်မှာလဲ မမှားနိုင်ပေ။

"ဆုပန် ညီမတော် ၊ ဒီနေ့ အနောက်တိုင်းသား တွေရောက်မယ့် နေ့၊ ညီမတော် လိုက်မည် မဟုတ်လား"

ဆုပန်။ ဆိုသည်မှာ ချမ်းသာသည့် မျိုးရိုးကြီး အသိုင်းအဝိုင်းတစ်ခုရဲ့ အထွေးဆုံး သမီးငယ်လေး ဆိုသည်မှာလဲ မမှားပေ။ အနေအေးပြီး အရှက်ကြီးလွန်း၍ အိမ်တော် အပြင်ထွက်ဖို့ရန် နားချဖိူ့ခက်ခဲသူပင်။

"တခါက ညီမတော် သူတို့ကို မြင်ဖူးချင်တယ် လို့ပြောခဲ့တယ် မဟုတ်လား"

ဆုပန်။ အပြင်ဘက် ပြတင်းကို ဖွင့်ကာ လက်တင်မှီပြီး လူသူကင်းဝေးသည့် အဝေးတစ်နေရာကို ငေးနေတက်သည်။

ငယ်စဉ်က ချူချာလွန်း၍ အားလုံးရဲ့ အကဲပို စောင့်ရှောက်မှုကြောင့်လဲ ဆုပန် အရမ်းနှင့် နု နေသည်ဟု ပြောဆို၍ ရသည်။

Until 100th Day (GL)Where stories live. Discover now