Part 18

1K 86 3
                                        

Unicode Version.

ထိုနေ့ညပြီးတော့ နှောင်းရဲ့ အမူအယာတွေ အပြောအဆို တွေအားလုံး ပြောင်းလဲခဲ့ သည်။ အရင်အတိုင်း အာသွက်လျာသွက် က‌ေလးမ မဟုတ်တော့ဘဲ အရမ်းကို တည်ငြိမ်အေးဆေးသွားသည်။

ဖေဖေတို့ မေမေ တို့ လဲသတိထားမိသည် ပင်။ သို့သော် မည်သို့ မေးမြန်းနေပါစေ ၊ နှောင်းမှာ အဖြေမရှိပေ။ သူရောက်လာသည့် နေ့တွင်တော့ နှောင်း သူ့ကို ကြည့်မနေခဲ့ပါ။

အပြစ်ရှိသူပီပီ သူပြောသမျှ နာခံနေသည်။

"ငါ သူ့ကိုရှာတွေ့ပြီ၊ အခုပဲ သွားတွေ့ဖို့စီစဉ် ထားတယ်၊ မင်းလိုက်တွေ့မလား"

နှောင်း ခေါင်းခါရုံပင်။ ရှီရီနာ မျက်မှောင်ကုတ် သွားသည်။ သူ ဘာဖြစ်နေတာလဲ ။ ‌

"မဟုတ်လဲ ငါခေါ်လာပေးမယ်၊မင်းနဲ့ လဲမိတ်ဆက်ပေးချင်တာလဲပါတယ်၊ ငါ့ရဲ့ချစ်သူကောင်မလေးက ဘယ်လိုဆိုတာ မင်းကို မြင်စေချင်တယ်"

"မလိုအပ်ဘူးထင်ပါတယ်"

သူ့ကို မော့မကြည့်။ မဟုတ်သေးဘူး၊ တစ်ခုခု ရှိနေသည်။ သူမရဲ့ မေးကို လက်ဖျားနှင့်မပြီး ဆွဲမော့ပေမယ့် သူမ မျက်ဝန်းများ ပိတ်ထားသည်။

"မင်းစိတ်ဆိုးနေတာလား၊ ငါလာမတွေ့လို့များလား" သူမျှော်လင့်မိတဲ့ အထဲမှာ နှောင်း သူ့ကို မျှော်နေမလားဆိုသည့် အတွေးက ရှိနေ၍ မေးမြန်းကြည့်သော်

နှောင်း လက်သီးများ ဆုတ်ထားရင်း

"မဟုတ်ဘူး၊ နှောင်း .... ဒီအတိုင်း ၊ တစ်ယောက်ထဲ နေချင်ရုံပဲ"

အရင်လို သူ့ကို ရင်မဆိုင်ရဲတော့တဲ့၊ တနည်း ရင်မဆိုင်ချင်တော့သည့် အနေအထားတွေကို တွေ့မြင်ရသည်။

"မင်းဘာဖြစ်နေတာလဲ"

မတွေ့မမြင်ချင်လောက်အောင်တော့ မဖြစ်လောက်ပါဘူးနော်။ ရှီရီနာ မျက်မှောင် ကျုံ့ သွားသည်။ အပေါ်ထပ် မတက်ခင် ကတည်းက သူမရဲ့ မိဘတွေပြောစကား သူနားထဲက မထွက်ပေ။

အခန်းထဲက မထွက်သည်မှာ အချိန်အားဖြင့် ၁၀ ရက်ကျော်နေပြီဆိုတာ။ အရင်နဲ့ မတူပဲ အရမ်းနဲ့ ပြောင်းလဲသွားသည် ဆိုသည်မှာ အမှန်ပင်။

Until 100th Day (GL)Where stories live. Discover now