Part 16 (ပျူခေတ်)

618 51 0
                                    

Unicode Version

ထို့နေ့ရဲ့ နောက်ပိုင်း ဆုပန် နေမကောင်းသည် ဟူသော အကြောင်းပြချက်ဖြင့် အပြင်မထွက်သည့် အတွက် ရက်ပိုင်းခန့် ရှောင်နေခြင်းက မဖြစ်သင့်သည့် အနေအထားမို့။

မည်သည့်ပြဿနာ တစ်စုံတစ်ရာမှမရှိဘဲ။ ရှောင်တိမ်းနေပေမယ့် ဆိုက်ဆိုက်မြိုက်မြိုက် အိမ်ကို ရောက်လာမယ်တော့ မထင်ထားပေ။

ဆုပန်ရဲ့ အသက်နဲ့ မတိမ်းမယိမ်းဖြစ်ပေမယ် ထွားကျိုင်းမှုကတော့ မည်သူမှ မမှီပေ။ အသက်ငယ်စေအုံးတော့ ဆုပန် က သူ့ရဲ့ လွှမ်းမိုးမှုအောက်မှာ ရှိနေသည်ဟု ဆိုနိုင်သည်။

ထိုရက်က အခန်းထဲက ပြန်လည်ထွက်ချိန် ခမည်းတော်ရဲ့ အသိမိတ်ဆွေများ လဲရောက် ရှိနေချိန်မို့ လူရှေ့မထွက်ပဲ အပေါ်ထပ်မှသာ လူအရှင်းကို စောင့်နေသည်။

စကားတွေထဲက ထူးထူးခြားခြားဖြစ်သည့် အကြောင်းအရာတစ်ခုမှာ

"မျိုးရိုးအဆင့်အတန်းဘယ်လောက်ပဲ မြင့်မြင့် ကျင့်ဝတ်ဖောက်ပြန်တဲ့ မိသားစုကို ဘုရင်မင်းမြတ်ရဲ့ တားမြစ်ချက် အတိုင်စ အရေးယူဆောင်ရွက်သင့်သည် ဆိုသည့် အချက်ကို ကျွန်ုပ် ထောက်ခံတယ်"

"သိင်္ခ မျိုးနွယ် ဆိုတာ ရှေးအစဉ်အဆက် မူးမက်အဖြစ်ခစားလာ ခဲ့ပေမယ့် ကျင့်ဝတ်ဖောက်ဖျက်တဲ့ သားယောက်ျားလေး ကိုမွေး မိလေတော့ ယခုလို အဆုံးသတ်ရသည် မဟုတ်လား"

ဆုပန် ကျွန်းကုလားထိုင်ပေါ်မှီထိူင်ရင်း နားစွင့်မိသည်။ အဆက်အစပ် မရှိ၍ နားမလည် သော်လည်း တချို့သော အကြောင်းအရာက နားလည်ဖို့ ထူးခြားနေ ၍ အာရုံစိုက်မိသည်ဟု ဆိုနိုင်သည်။

"အဲဒါဆိုရင် အသင်ပြောတဲ့ အဖြစ်အပျက်က မှန်ကန်သည်ဟု ဆိုနိုင်သလား"

"မှန်ကန်ပါတယ်၊ အမွေဆက်ခံမည့် သားယောက်ျားလေးက ပုန်းနေသည် ဆိုတာ ဘယ်ကဲ့သို့ ပေါက်ကြားသွားသည် မသိ၊
သိင်္ခဝေဇရာ ဆိုတဲ့ မူးမတ်ရဲ့သားနဲ့ ချစ်ကြိုး သွယ်နေသူက ဘုရင်မင်းမြတ်ရဲ့ တူတော်ဖြစ်နေလေတော့ တူတော်ကို အပြစ်မပေးသော်ငြား သိင်္ခဝေဇရာ မျိုး‌နွယ်တွေတော့ သုတ်သင်ခံရလိုက်လေသတဲ့၊

Until 100th Day (GL)Where stories live. Discover now