Unicode Version
"၂၃-၈-၂၀-- တွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြိုနယ်၊ -----လမ်း၊အိမ်အမှတ်(--) တွင် အစုအလိုက် အပြုံလိုက် လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ဌာနေသတင်းဌာန မှ သိရှိရပါတယ်"
"ဖြစ်ပွားသည့် အချိန်ကို အတိအကျ မသိရှိရသော်လဲ ရုပ်အလောင်းစုစုပေါင်းမှာ၂၀ ကျော်သည်ဟု သိရှိရပါတယ်"
"သေဆုံး အားလုံးမှာ လည်တွင် ပြတ်ရှဒဏ်ရာနှင့် သွေးများခမ်းခြောက်မှုကြောင့် ကြောက်မက်ဖွယ်ရာ အသားပေါ် အရေတင် အခြေအနေဖြင့် သေဆုံးလျက်ရှိကြောင်းသိရပါတယ်"
"ထို့အပြင် ထိုနေအိမ်တွင် အမျိုးသမီး တစ်ဦးနေ ထိုင်ခဲ့ကြောင်းလဲ စစ်ဆေးချက် အရတွေ့ရှိခဲ့ပါတယ်"
သတင်းနားထောင်နေသူ ဝေဝေလွင် မှာ ပျက်ယွင်းလူဖြစ်နေသည့် မျက်နှာ ကိုအတက်နိုင်ဆုံးထိန်းထားရသည်။
မည်သည့် အခြေအနေမှ သူမဆီသို့ ပြောလာခြင်းမရှိဘဲ အားလုံးသေဆုံးကာ ယခုတော့ လူသိရှင်ကြားဖြစ်ကုန်ပြီ။ မည်သူ လုပ် ဆောင်သည်ကို အတိအကျမသိရရုံသာမက။
ယခုတော့ နှောင်းကိုပါ လုယက်ခံ လိုက်ရသည်။ မည်သူလဲ။ ဦးဝေမော်ကိုယ်တိုင် လူပျောက်ကြောင်းတိုင်ချက်ဖွင့်ထားပြီမို့ သတင်းကို စဉ်ဆက် မပျက် နားထောင်နေသော်။
"နှောင်းတော့ မဟုတ်ပါဘူးနော်"
ခင် ရဲ့စကားကြောင့် ဦးဝေမော် ဘာပြန်ပြော ရမည် မသိ။ ထိုနေရာမှာ နှောင်းရှိခဲ့တယ် ဆိုရင်တော့ တကယ်ကို မတွေးရဲစရာပင်။ သေဆုံးသူအားလုံးအမျိုးသားတွေ ဆိုတာ သိလိုက်ရတော့ အနည်းငယ် စိတ်သက်သာပေမယ့် ဒါက အဖြေမဟုတ်သေးပါ
နှောင်း ပျောက်ဆုံးနေသည် ဆိုတာ အတည်ပြုပြီးပြီမို့ ကျိန်းသေ ထင်မြင်ယူ။ ချက် အားလုံး သတိထားရတော့ မည်။
"ဆရာကြီး ရဲစခန်းက ဆက်သွယ်လာပါတယ်"
ချက်ချင်း ထရပ်ပြီး အိမ်ထဲမှ အမြန် ပြေးထွက်လာ သော်။ ခြံဝန်းထဲ မောင်းဝင်လာသည့် ရဲကားကို သူစောင့်ကြိုနေသည်။
ရဲကားက ပေါ်တီဂို ရှေ့ ထိုးရပ်ပြီး ကားပေါ်မှ ဆင်းလာသည့် ရဲအရာရှိက
YOU ARE READING
Until 100th Day (GL)
Vampireအချစ်ကအရာအားလုံးကို ပြောင်းလဲပစ်နိုင်တယ် ဆိုတာ ယုံကြည်လား၊ Creative by LacunoVc.