Part 7

670 56 6
                                    

Unicode Version

ရှီရီနာ ကို မတွေ့၍ နှောင်း စမ်းချောင်းဘက် ထွက်လာ သည်။ ထူးထူးဆန်းဆန်း မနက်ကတဲက ရှာမတွေ့သော ကြောင့် မွန်းတည့်ချိန် ရောက်ပြီမို့ တစ်ခုခု ထူးခြားနေလောက်၍ အိမ်က ထွက်လာခြင်းပင်။ မြူခိုးများရစ်သိုင်းနေသော ကောင်းကင်မှာ အလင်းရောင် ရရှိရုံသာ နေရောင် ကိုမြင်ရသည်။ စမ်းချောင်း ကထွက်သည့် ရေငွေ့။ မိုးရွာထား၍ မြူခိုးဝေနေသည်က တကြောင်း။

လျောက်လမ်း။အဆင်းလမ်းကို ကျောက်သားများဖြင့် အလှဆင်ကာ ခင်းထားပြီး တဖက်မှာ စပါးခင်း။ လမ်းတဖက်မှာ ပန်းနှမ်းခင်းပါ။

စမ်းချောင်း ဆီသို့ ဦးတည်သည့် လမ်းနှင့် ပန်းနှမ်းခင်း ရဲအပ‌ါ် ဘက်ကို ခွဲသည့် လမ်းခွဲ လေးမှာ နှောင်း ကစမ်းချောင်း ဘက်ကို ဦးတည် သည်။

စမ်းချောင်း ကမ်းပါးယံကို ရောက်တော့ ရေစီးနေသည်ကလွဲ၍ ဘာမှ မထူးခြားနေပါ။ ဘယ်လိုကြောင့် သူ ပျောက်နေတာလဲ။

ထို့နောက် နောက်ကြောင်း ပြန်ခေါ်လာပြီး ပန်းနှမ်းခင်းအပေါ်ပိုင်း သို့ ဦးတည်စဉ် အပေါ်က အိမ်လေးမှာ အထုတ်အပိုးများဖြင့် ပြန်ရောက်နေပြီ ဖြစ်သော သူ။

ကုန်းတက်ပြေပြေ ဆိုပေမယ့်  သူမ အပြန်လမ်းက အတော်မောသည်။ နောက်ရက်မှ ‌မရောက်ဖူးသည့် နေရာတေ‌ွကို သွားကြည့်ရမည်။ ကွပ်ပျစ်ပေါ် ပစ္စည်းချပြီးချိန် သူမ ရောက် သွားသည်။

လိုအပ်သည့် ပစ္စည်းများသွားဝယ်ခြင်းပင်။ ဒါဆိုရင်တော့ ထွက်လမ်းရှိနေပြီ။ သူ ဘယ်‌က ပြန်ရောက်လာတာလဲ။ အိမ်အနောက်ဘက်ကလား။ သူမ အပြေးသွားကြည့် သည်။

အဖက်မှာ မြေအစောင်းနှင့် စမ်းချောင်း တစ်ခုရှိသည်ကလွဲ၍ ဘာမှ ထူးထူး ခြားခြားမရှိ။ သူမ အောက်ဘက် ရောက်နေချိနိ ပြန်ရောက် လာခြင်းပင်။

"မင်းအတွက် လိုအပ်တာ ဝယ်လာခဲ့တယ်၊ နောက်ပိုင်း တခြား လိုအပ်တာရှိရင်လဲ စာရင်းနဲ့ လုပ်ထားလိုက်။ ငါဝယ်ပေးမယ်"

နှောင်း သူရှိရာကို ပြန်ရောက်လာ သည်။ သူ့ကို စေ့စေ့ ကြည့်ပြီး လက်ပိုက်ကာ

Until 100th Day (GL)Where stories live. Discover now