Part 14

523 46 1
                                    

Unicode Version

နေဝင်သွားပြီဖြစ်၍ ထိုအချိန်မှ ကျောင်းဝင်းထဲကနေ ကားမောင်းပြီး ထွက်လာသည်။ နှောင်း အနေနဲ့ ဘာကြောင့် သူ့ကို ပြန်ပို့ခိုင်းမိတာလဲ။ နေရောင်နဲ့ ထိတွေ့မရသည့် ထိုလူက နေဝင်မှ သူမကို ပြန်ခေါ်လာသည်။

ထီး ဆိုလျင် ပင် အနက်ရောင်မှ အဆင်ပြေသည့် အတွက်ကြောင့် ကြိုတင်ပြင်ဆင်ထားခြင်း မရှိလေတော့

"ညစာ ဘာစားမှာလဲ"

နှောင်း သူ့ကို လှည့်ကြည့်သည်။ သူကိုယ်တိုင် ကားမောင်းပေးနေသည့် အတွက် နှောင်း က ဘာမှ လုပ်စရာပင် မလို။

"မင်းရဲ့ အိမ်ကိုတော့ ပြန်မလိုက်တော့ဘူး၊ ညစာ တစ်ခုခုစားလေ၊ ပြီးရင် လမ်းခွဲရအောင်"

ရှီရီနာ ရဲ့စကားကို သူက

"လိုက်ချင် လိုက်ခဲ့ပါလား၊ အခုလို ပုံစံနဲ့ ဖေဖေတို့ကို မတွေ့ချင်ရင်...."

"ဟို ...မူရင်းပုံစံနဲ့လဲ ဖြစ်တာပဲကို"

မလုံမလဲ သူမ မျက်နှာလွဲသွားသည်။ နှောင်း သူ့ရဲ့ မူလ အသွင်အပြင်ကိုပဲ ပို သဘောကျသည်။

ရှီရီနာက ညဈေးတန်းရှေ့မို့ ဖြေးဖြေးချင်း မောင်းရင်း

"အဲတာ ဈေးကြီးတယ်"

"ဟင်"

နှောင်းက တမင်အာမေဋိတ်သံ ထွက်ပြလိုက်သည်။ ရှီရီနာက သူမကို တချက်လှည့် ကြည့်သည်။

"ဘာစားမှာလဲ ... ဘယ်မှာ ရပ်ပေးရမလဲ"

နှောင်းက ထိုအခါမှ အစားကိစ္စကို အာရုံရသည်။ သူ့ရဲ့ မူလ ပုံစံက သူစိတ်ပါရင် ပြောင်း ပါလိမ့်မည်။

"အဲတာက....."

"နင့်ရဲ့ နေရာကို ခေါ်သွားပါလား၊ နင်ချက်ကြွေးတဲ့ ဟင်းပဲစားချင်တယ်"

"ဘယ်နေရာလဲ"

နှောင်း သူ့ဘက်ကို အပြည့်လှည့်ထိုင်ကာ

"ဘယ်နေရာတွေ ရှိနေသေးလို့လဲ၊ ငါက တစ်နေရာပဲ သိတာလေ၊ တောထဲက အိမ်ကလေး၊ စမ်းချောင်းလေးလဲရှိတယ်"

ရှီရီနာက

"ဟိုတဲလား"

ဘာ။တဲ။ ဟုတ်လား။ သူမကို တဲမှာပဲ ထားသည်ပေါ့။ မျက်နှာထားက တင်းသွား သည်။ ရှီရီနာက ခပ်ပြုံးပြုံးပင်

Until 100th Day (GL)Where stories live. Discover now