Part 25 End

400 43 6
                                    

Unicode Version

လယ်တောအိမ်လေးရဲ့ ပြတင်းမှတဆင့် တိုးဝင်နေသော လရောင်နုနု၊ လင်းသည် ဆိုရုံပင် ဆိုမရသည့် အနေအထားမို့ ရှီရီနာ ငေးြကည့်နေသည်။

မကြာခင်ပင် သူရဲ့ အဆုံးသတ်နေ့ကို ရောက်ရှိလာလိမ့်မည်၊ သူ့လက်မောင်းကို ခေါင်းအုံးလျက် အိပ်ပျော်နေသော သူမ ကို ပွေ့ဖက်ထားရင်း ရောက်တက်ရာရာ တွေးတော နေမိသည်၊

"အတားအဆီးထဲက မင်းထွက်လာရင် ကိုယ်ရှုံးလိမ့်မယ်"

ထိုစကားတစ်ခွန်းကို နှောင်းရဲ့နားထဲသို့ အတော်လေး ရိုက်သွင်းယူရသည်၊ အမှန်တော့ သူမ ရှိခြင်းမရှိခြင်းက ရလဒ်မဟုတ် ပါဘူး၊

ပျောက်ကွယ်သွားမယ့် အချိန်မှာ နှောင်း ရှိနေရင် သူ စိတ်မချ ဖြစ်နေမည်၊ ညှိတွယ် နေမည်၊ ထို့သို့ဖြစ်ရခြင်းက နှောင်းရဲ့ အသက်ကို ဆုံးရှုံးစေလိမ့်မည်။

မာန် နဲ့ သူ၊ ဒီလောကထဲက ထွက်သွားမှသာ လျှင် အရာအားလုံးအဆင်ပြေလိမ့်မည်၊ ထို့ကြောင့် သူမကို ဒီကနေ မထွက်ခွာ ဖို့သာလျှင် စီစဉ် ရပါလိမ့်မည်။

‌ရှီရီနာ သက်ပြင်းချပြီး သူမ ကို ပွေ့ဖက်ထား သည်၊ တစ်ကြိမ်ဆုံတွေ့ခဲ့သည်၊ နောက်ဆုံးတကြမ်မှာ ခွဲခွာရမည်၊ သူတို့ နှစ်ယောက်ရဲ့ ကံကြမ္မာသာ ဖြစ်ပေလိမ့်မည်၊

နှစ်ပေါင်းထောင်ချီကြာပေမယ့် သူမနှင့် တွေ့ဆုံခွင့်မှာ ၂ ကြိမ်တည်းသာ၊ နှစ်ကြိမ်လုံး ပေါင်းဖက်ခွင့် မရှိသူတွေမို့၊

နောင်ဘဝများရှိခဲ့ရင် မင်းနဲ့ ဖူးစာဖက် ဖြစ်ချင်ပါသည်။

ထိုသည်က သူ့အတွက် တစ်ခုတည်းသော ဆုတောင်းပင်၊

"ဒုတ်"

အပြင်ဘက်မှ တစုံတခုကို ထုရိုက်သည့် အသံ၊ မတိုးမကျယ်ဆို‌ေပမယ့် သူ့ကို ခေါ်ထုတ်နေသည့် ပံူစံပင်၊

ထိူ့နောက်တော့ အိမ်ထဲကနေ သူအပြင် ထွက်လာ ချိန် အိမ်ရှေ့ ခပ်လှမ်းလှမ်းတွင် ရပ်နေသည့် မာန်၊ သူ့ကို ကျောပေးထားသည်။

ဒီနေရာထိ ပင်ရောက်လာသည်မို့ ရှီရီနာ သူနဲ့ ရင်ဆိုင်ဖို့ ခက်ခဲ ပါလိမ့်မည်၊

Until 100th Day (GL)Where stories live. Discover now