Part 22

734 64 3
                                    

Unicode Version

နှောင်း မျက်ဝန်းများ ပြန်ပွင့်လာချိန်မှာတော့ အစိမ်းသက်သက် ဖြစ်နေသည့် နေရာကို ပထမဆုံးခံစားမိသည်။ အပြင်အဆင် နေရာ အားလုံးက နဲနဲ မှ မရင်းနှီးနေတော့ သူမ ရဲ့ လုပ်ဆောင်ချက် အောင်မြင်သွားသည်လား။

မဟုတ်သေးပါ၊လည်တိုင်မှ နာကျင်မှုက လှုတ်ရှား၍တိုင်း သိသိသာသာ ခံစားရသည်။ ထားပါတော့၊ လက်တဖက်ကို အိပ်ရာပေါ်ထောက်ပြီး နာကျင်နေသည့် ဒဏ်ရာပေါ် လက်တဖက်နဲ့ အုပ်ပြီး ထထိုင်သည်။ အခန်းကျယ် တခုမှာ အဖြူရောင် ခန်းစီးစ များ နှင့် ရှုတ်နေသည့် အတွက် ဘာမှ သဲသဲ ကွဲကွဲ မမြင်ရသည့် အတွက်။

ကုတင်ပေါ်မှ ဆင်းပြီး ရောက်တက်ရာရာ ထွက်လာ ခဲ့သည်။ နားထဲတွင် ကြားနေရသည်က တချွင်းချွင်းနှင့် လေယူရာယိမ်းသည့် ဆဲလည်းသံ လေးများ ပင်၊

ဘယ်ကို ရောက်နေတာလဲ၊ တရိပ်ရိပ်နှင့် မူးနောက် နေပေမယ့် ယိုင်တိယိုင်နှင့် နှောင်း ရှေ့ဆက်၍သာ သွားနေသည်။ တံခါးတချပ်တွေ့၍ တွန်းဖွင့် လိုက်ချိန်မှာတော့ စိုက်ခင်းများဖြင့်အပြည့်ဖြစ်နေ ခြံဝန်း၊

ခြံဝန်းရဲ့အလွန်မှာ မြေသားလမ်းတစ်ခု ရှိသည်။ လက်တလောတော့ မိုးရွာနေပြီး လူသွားလူလာ မရှိပေ။

လူတွေနေတဲ့ နေရာကော ဟုတ်ရဲ့လား၊

တံခါးကို မှီပြီး အပြင်ဘက်ကို ကြည့်နေသည်။ စိတ်ထဲမှာ ဝေခွဲမရနိုင်သေး၍ ဘာဆက်လုပ်ရမည် ကိုမသိ၊ လည်တိုင်ကိုလှီးဖြတ်ထား၍ ဆုံးရှုံးထားသည့် သွေးပမာဏမှာ နဲနဲနောနော မဟုတ်၊

ကိုယ့်ခန္ဓာကိုယ်ပင် မထိန်းနိုင်၍ တံခါးကို မှီပြီးလဲကျသွားချိန် လာရောက် ဖေးမ ထူပေးသူက ရှီရီနာ၊

မဟုတ်ဘူး၊ အလ်ကာရှား ရှီရီနာ ဆိုလျှင် ပိုမှန်လိမ့်မည်။ မူလ ရုပ်သွင်ကို ပြသဖို့ အင်မတန် တွန့်တိုသည့်  သူ မဟုတ်လား၊

အတိတ်တွေ အနာဂတ် တွေဆိုသည် ထက် တခြားသူနှင့် လက်ထပ်ဖို့အထိ စီစဉ် သူမို့ နှောင်း မဟန် ပေမယ့် တွန်းဖယ်မိသည်။

နောင်တရသည့် အကြည့် တောင်းပန်သည့် အကြည့်များနှင့် သူမကို ငေးကြည့်နေပေမယ့် တံခါးကို မှီပြီး ငြိမ်ငြိမ်လေးထိုင်သည်၊ အပြင်ဘက်ကို ငေးကြည့်ရင်း သူ့ကို မျက်နှာလွှဲထားသည်။

Until 100th Day (GL)Where stories live. Discover now