Part 24

346 44 3
                                    

Unicode Version

မာန်၊
ခါးထောက်လျက် အပြင်ဘက်က ပူပြင်းမှုကြောင့်သံလျက် ထနေသည့် ကွင်းပြင်ကို ငေးကြည့်နေသည်။

ရှီရီနာ သတိပြန်ရလာရင်တော့ နှောင့်နှေး မနေတော့ဘဲ၊ လုပ်သင့်လုပ်ထိုက်တာ တွေကို လုပ်ဆောင်ရလိမ့်မည်။ ဒီထက် အချိန်ပေးရင် ‌ရီနာကို သူဆုဲးရှုံးရနိုင်သည်။

"ဘယ်လိုဆက်လုပ်မှာလဲ ကိုမာန်"

မာန်က ဆုပန် ကိုလှည့်ကြည့်လျက်

"ဆက်လုပ်ရမယ့် အရာမှ မရှိတော့ဘဲ၊ အဲဒီကလေးမ ဆီက အဖြေရပြီးပြီ၊"

ဆုပန် ခေါင်းညိတ်သည်။

"က‌ျွန်မကို ပေးထားတဲ့ကတိက....."

မာန်က ပြုံးရင်း

"သူဖမ်းချုပ်ခံထားရပြီ၊ မင်းအတွက် စိတ်ချရပြီမဟုတ်လား၊ မင်း သူ့ကို ပိုင်ဆိုင်ချင်ရင် ကိုယ်တိုင်ကြိုးစားတော့၊ ဒါကြောင့် လူသားဘဝကို စွန့်လွတ်ခဲ့တယ် ဆိုတော့၊

မင်းတို့ရဲ့ချစ်ခြင်းမုန်းခြင်း ကို ငါစိတ်မဝင်စားဘူး၊ ငါဖြစ်စေချင်တာ ရီနာ ငါ့အနားမှာ ပြန်လည်ရှိနေဖို့ပဲ"

ဆုပန်က ပြုံးသည်။

"အမှန်ဆိုလဲ ကျွန်မနဲ့ သူက လိုက်ဖက်တဲ့ စုံတွဲတွေပဲ၊ ကြားထဲက ဟိုတယောက် ဝင်ရှုတ်နေလို့သာ"

မာန်က

"သေရမယ့် သူကို ဘာလို့စိတ်ထဲ ထားနေတာလဲ"

ဆုပန်က

"သူက ကျွန်မကို သဘောမကျ ဘူးလေ"

မာန် တချက်ပြုံးပြီး အပြင်ဘက်ကို ပြန်ငေး ကြည့်ကာ

"ခက်ခဲတဲ့ အရာမဟုတ်ဘူး၊ ပိုင်ဆိုင်ရဖို့ဘယ်လိုဆွဲဆောင်ရမလဲ သိမှာပါ"

"အင်း နည်း၁နည်းပဲရှိတယ်၊ က‌ျွန်မ သူ့ကိုရူးသွပ်မိနေပြီထင်တယ်"

"အဟွန်း"

"မချည်နှောင်သင့်တဲ့ အရာတွေ...."မာန် အတွက် ထိုကိစ္စက အပို အလုပ်တွေပါ၊ သွားရမည့် လမ်းမှာ ပိတ်ဆို့နေတက်သည် မဟုတ်လား၊

&&&&&&&&&&

"နှောင်း....နှောင်း။ကိုယ်ပြောမယ်"

Until 100th Day (GL)Where stories live. Discover now