Part 12

1.2K 79 3
                                        

Unicode Version.

‌တိတ်ဆိတ်ခြင်းများကြီးစိုးနေပေမယ့် တောပုရစ်တို့ရဲ့ အော်မျည်သံကတော့ ခပ်တိုးတိုး၊  ‌လေတိုက်သည့် အသံကသစ်ရွက်တွေကြား တရူးရူး တရှဲရှဲ။

မုန်တိုင်းတစ်ခုပြီးသွားသကဲ့သို့ ။

သူ့ဘေးမှာ အသက်မရှိသည့်နှယ် ငြိမ်သက် နေသည့် နှောင်း။ နှောင်းသတိလစ်သွားခဲ့ပြီ။ မှောင်မိုက်နေ၍ သူ ပြောင်းလဲသွားသည်ကို သတိမထားမိသော်လည်း သူ ကဘာဆိုတာ တော့ သိသွားလောက်ပါပြီ။

ကိုယ်တိုင်ပြောပြချင်ခဲ့တာလေ။

သူမ ဘေးမှာ ထိုင်ရင်း ငေးကြည့်နေမိ ချိန်လေး သည်။ အချိန်မည်သို့ ကုန်သွားသည် ပင် မသိ။ ညပိုင်းအချိန်မို့ မူလ အသွင် ပုံစံအဖြစ် တည်ရှိနေသေးသည်။

ဆေးခက်ခံရသည်။ ဘယ်သူဆိုတာ မေးခွန်းထုတ်ရန် မလို။ ဘယ်သူ စေခိုင်း တယ်ဆိုတာလဲ တကူးတက ရှာရန် မလို။

ဘာဖြစ်ချင်သည်လဲ ဆိုတာလဲ သိရန် မလို။ အရာအားလုံးက သူနဲ့ နှောင်းကို တိုက်ခိုက်ရန်သာ။ အလ်နီယာ ဒီတကြိမ်တော့ မှားသွား ပြီဆိုတာသိပါလေစ၊

အားပျက်နေသည့် သူ။ ယခုတော့ နှောင်းရဲ့သွေးကြောင့် မူလ အခြေအနေကို ပြန်လည်ထိန်းထားနိုင်ပြီ။ လည်တိုင်မှ အစွယ်ကြောင့် ဖြစ်လာသည့် အပေါက်၂ ပေါက်။ လက်နဲ့ အသာ သပ်ပေးတော့ ထိုနေရာက ပျောက်ကွယ်သွားသည်။

သို့ပေမယ့် အနီရောင်အကွက် တွေကတော့ ရှီရီနာ ပြုံးသည်။ ဒါက သူမနဲ့    အတူနေဖြစ်တဲ့ ဒုတိယအကြိမ်ဖြစ်သည်။ နှစ်ကြိမ်လုံး သူမ အလို မတူခဲ့ပါ။

အတင်းအဓမ္မ ရယူခဲ့ရ၍ နှစ်ကြိမ်လုံး မသက်သာခဲ့။ တောင်းပန်ပါတယ်၊ ဒီတကြိမ် ကတော့ မရည်ရွယ်ခဲ့ဘူး။ ကိုယ်တိုင်ဖွင့်ပြော ပြီးမှ တောင်းဆိုချင်ခဲ့ပေမယ့်။

သူမ ခါးအောက်ကို လက်တစ်ဖက်လျိုသွင်း ပြီး ပွေ့ထူသည်။ အနက်ရောင် ဝတ်ရုံ။တစ်ခုလွှမ်းပေးထားသည်မို့ ‌သူမ ခန္ဓာကိုယ်က ဖုံးကာထားပြီး ဖြစ်သည်။

ရင်ခွင်ထဲ ပွေ့ပိုက်ချိန် ခံစားမိသည့် အရာက

"ဆုပန်"

Until 100th Day (GL)Where stories live. Discover now