Part 6

1.1K 62 3
                                    

Unicode Version

ခြေထောက်နှစ်ဖက်ပြန်ကောင်းနေပြီ ဆိုပေမယ့် သူမ သုံးရက်ပြည့်သည် အထိ အိမ်အထဲက အပြင်ကို မထွက်နိုင်ပေ။ခန္ဓာကိုယ်ရဲ့ ပွန်းပဲ့ဒဏ်ရာတချို့ကြောင့် အဖျားဝင်နေသည် ဟု ရှီရီနာ ဆိုပေမယ့် ဘာကြောင့် လဲ ဆိုတာ သူမကို မေးခွန်းမထုတ်ပေ။

ပုံမှန်အတိုင်း သူမ အတွက် စားသောက်ဖွယ်ရာ ပြင်ဆင်ပေးသည်။ ယခုမှ အလုပ်တစ်ခု တိုးလာသည်က နေမကောင်းဖြစ်နေသည့် သူမကို ဆေးပုံမှန် တိုက်နေရသည်။

သူတိုက်သည့်ဆေးက ဘာဆိုတာ မသိရ‌ဘဲ။ အရွက်တစ်ခုခုကို ကြိုတိုက်နေသလိုပါ။ ခါးလွန်းသည်။

တကိုယ်လုံးနာကျင်ကိုက်ခဲနေပြီး နေ့စဉ်ရက်ဆက် ရွာနေသည့် မိုးကြောင့်လဲ အဖျားမသက်မသာ ဖြစ်နေသည်လား။

သူမနဲ့ စကားစမည်ဆိုတာ သီးသန့် ထိုင်ပြော သည်ဟု မရှိပေ။ သို့သော် လိုအပ်သည့် စကား ကိုတော့ မချွင်းမချန် ပြောသည်။

"ပိုးဝင်ထားတဲ့အတွက် ဆေးပုံမှန်ထည့်ပေးရမှာ၊ ကိုယ်တိုင် လုပ်နိုင်တယ် မဟုတ်လား"

"အင်း"

မနေ့ညကမှ အခြေအနေက အနည်းငယ် ထူထောင် လာသည်မို့။ အရင်နေ့တွေက သူပဲ ဆေးထည့်ပေးပုံပါပဲ။ မိန်းမကိုယ်မှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားသည် မို့။

သူ သိနေသည်လား။ ထိုသို့ စဉ်းစားမိရင် မျက်နှာတော့ ပူသည်။ ထို့ကြောင့် မျက်နှာ ပူနေရမှာ ထက်စာရင်

သူမ ထထိုင်သည်။ ထို့နောက်တော့

"ငါ့ကို ဘယ်မှာရှာတွေ့ခဲ့တာလဲ"

အိပ်မက်လိုလို ဝေဝေဝါးဝါး မို့ သူမ ကောင်း စွာသတိဝင်ချိန်မှာတော့ အိပ်ရာပေါ် ရောက်နေ ခဲ့ပြီ။

"ပန်းနှမ်းခင်းထဲမှာ"

သွားပြီ။ သူ သိနေပြီလား။

"ငါ့ကို ဘာလို့အဲမှာတွေ့လဲ မမေးတော့ ဘူးလား"

သူမ အမေးကို ရှီရီနာက လှည့်ကြည့်ပြီး သူမကို စေ့စေ့စပ်စပ် လည်တိုင်နှင့် တခြားနေရာများကို ကြည့်ကာ

"မင်းကိုယ်ပေါ်က အနီရောင်အကွက်တွေ၊ အဝတ်တထည်မှ မရှိတဲ့ ပုံစံကို မြင်ကပြီးတော့ ဘာဖြစ်ထားလဲသိပါတယ်"

Until 100th Day (GL)Where stories live. Discover now