Part 21

1K 77 3
                                        

Unicode Version

ပြည့်ဝန်းနေသည့် လမင်း၏ အလင်းရောင် အောက်ဝယ်။

ငွေရောင်တလက်လက် ထနေသည့် ‌ဓါးတချောင်းမှာ ရောင်ပြန်ဟက်နေသည့် အသွင်ပင်။

လသာဆောင် ဆိုတာ အရင်တချိန်က ကြိုက်နှစ်သက်သည့် နေရာ မဟုတ်ခဲ့ပေမယ့် ယခုချိန်မှာ နှောင်းရဲ့ နားခိုရာနေရာလေး မဟုတ်လား။

ယနေ့ညက ရဲ့နောက်ဆုံးနားခိုရာ ဆိုလျှင်လဲ မှန်ကန်လိမ့်မည်။ လရောင် ကိုယ်ပေါ် ကျရောက် လာသည့် အချိန်မှာတော့ နှောင်း လမင်းကို ငေးမော ကြည့်နေသည်။

သူဘယ်သူလဲ ငါဘယ်သူလဲ ကွဲကွဲပြားပြား မသိ ချိန်မှန်း၊ တယောက်နှင့် တစ်ယောက် လွန်ကြူးထိ အထိ ဖြစ်ခဲ့ဖူးကြပေမယ့် လရောင်မှာ သူမ အပေါ် ထွန်းလင်းပေးနိုင်ခဲ့ သည်။

ယခုချိန်မှာတော့ နှောင်း အတွက် မည်သည့် အလင်းကမှ အမှောင်ဘက်ကနေ ဆွဲထုတ်နိုင်ခြင်း ရှိမည် မဟုတ်ပါ။ သူမ ကိုယ်တိုင် ‌အမှောင်ထုထဲ နစ်ဝင်နေမှုက

ဓါးဖျားက လက်တဖက်ပေါ် လက်ကိုင် ဓါးရိုးက လက်တဖက်ပေါ် တင်ပြီး လမင်း ရဲ့အလင်းရောင်ရှေ့သို့ သူမ ထွက်ပြီး ရပ်သည်။ ကိုယ့်ဖြစ်တည်မှုရယ် အဆုံးသတ်ရမည့် အခြေအနေရယ် ပေါင်းစပ်မှုမှာ

"ဤဓါးဖြင့် စွန်းထင်းစေသော သွေးတစက်ခန့်လေးသာ သူပိုင်ဆိုင်ခွင့်ရရင် စတေးမှုကို လိုလိုလားလား ပေးအပ်နိုင်ပါတယ်

နှောင်းရဲ့အသက်ကို စွန့်လွတ်နိုင်ပါတယ်၊ ဤညက သူ့အတွက် စတေးခံစွန့်လွတ်ပေးရန် အသင့်တော်ဆုံးမို့ တားဆီးမှုများ လွတ်ကင်းပါစေ"

မျက်ဝန်းမှာ ဖိပိတ်သွားပြီးနောက် ကြောက်လန့်ခြင်း မရှိ၊ လည်တိုင်ပေါ် အေးစက်နေသည့် ဓါး ကိုတင်ပြီး အားဖြင့် ဆွဲချ လိုက်သည့် နောက်တော့ ပျက်ရှဒဏ်ရာ ရဲ့ နာကျင်မှုမှာ မပြောပလောက်ပေ။

ခန္ဓာကိုယ်အတွင်းမှ စီးထွက်နေသည့် သွေးများသည်

"ချလွှမ်း"

တာကျိုးသလိုပင်။ မျက်ရည်များ ဝဲတက်လာပြီး ယိမ်းယိုင်ပြိုလဲကျ သွားသည့် အချိန်မှာတော့ အမြင်တွေဝေဝါးနေခဲ့ပြီ။

Until 100th Day (GL)Where stories live. Discover now