Part 3

857 48 1
                                    

Unicode Version

"ဘယ်လိုဖြစ်တာလဲ၊ နှောင်းက မပြောမဆိုနဲ့ ထွက်သွားမယ့် သူမှ မဟုတ်တာ"

ဒေါ်ဝေဝေလွင် ဂရုမစိုက်သလိုပင်။ ထိုနေ့ကအဖြစ်အပျက်မှာ သိလိုက်တဲ့ သူ သိပ်မရှိ။ မြင်‌ေတွ့သွားသည့် တချို့ကိုလဲ သူမ ငွေပေးနူတ်ပိတ်ထားပြီးပြီ။

"Luggage မရှိပုံထောက်တော့ ခရီးထွက်သွား တာဖြစ်နိုင်လား"

ဦးဝေမော်က ခေါင်းခါလျက်။

"မဟုတ်ဘူး။ ကိုယ် အလုပ်ကို ဖုန်းဆက်ထား တယ်၊ နှောင်းရောက်မလာတာ တပတ်ပြည့်တော့မယ်၊Field ဆင်းဖို့ လိုအပ်တဲ့ စာရွက်စာတမ်းကိုလဲ ပြင်ဆင်ဖို့ မဆက်သွယ်လာဘူးဆိုတော့ တစ်ခုခုတော့ ရှိနေပြ"

ဦးဝေမော်က

"အဝေ နှောင်းကို သတိထားမိလား၊ ငါခရီးထွက်တဲ့နေ့ကလေ"

ဝေဝေလွင်က တချက်သာ ကြည့်ပြီး

"ကိုကြီးသမီးက အဝေကို အရေးမလုပ်ပါဘူးနော်၊ အဲ့နေ့က Luggage ဆွဲပြီးထွက်သွား တာတော့ တွေ့လိုက်တယ်လို့ အဝေပြောထားပြီးသားပဲ၊

မေးတော့လဲ မဖြေ"

ဦးဝေ မော် မထိုင်နိုင်တော့ပါ၊ နှောင်းက မပြောမဆို လုပ်တက်တဲ့ သူမဟုတ်။ ဆုံးဖြတ်ချက်ကို ပိုင်ပိုင်နိုင်နိုင် ချပြီး ပွင့်လင်းသည့် သူမို့ အိမ်က မည်သူ့ကိုမှ မဆက်သွယ်ပဲ ထွက်သွားသည် ဆိုသည်မှာ မည်သို့မှ မဖြစ်နိုင်ပါ

ခင်ခင်သွယ်က ဒီအိမ်မှာ အပြင်လူဖြစ်သည်။ သမီးလေးပျောက်ဆုံးနေသည်မှာ ယောင်းမလေး နဲ့ဆက်စပ်မှု ရှိမည်ဟုထင်သည်။

သို့သော် ‌မောင်နှမ တွေကြား သူမ တစ်ခါ ကြားညှပ်ပြီးသားမို့ ဝင်မပြောပေမယ့် ယခုတကြိမ်ကတော့ ယောင်းမလေးပါဝင်နေသည် ဆိုပါက သူမလဲ ညှာတာနေမည် မဟုတ်။

"နှောင်းဘာမှ ဖြစ်မှ မဟုတ်ဘူး၊ အရွယ် ရောက် နေတဲ့ လူငယ်တစ်ယောက်ပဲ၊ ကိစ္စတစ်ခုခုရှိတာလဲ ဖြစ်နေမှာပါ"

ခင်ခင်သွယ်က သက်ပြင်းချသည်။ ထိုနေ့က သူမ အိမ်မှာ မရှိလိုက်ပေ။ သူငယ်ချင်း တစ်ယောက်ပြည်ပက ပြန်လာသည့် အတွက် သွားရောက်တွေ့ဆုံခြင်းက

Until 100th Day (GL)Where stories live. Discover now