ရှက်ကြောက်တတ်တဲ့ ဝမ်ကျစ်ချူး လုပ်ခဲ့တဲ့ ဘဝမှာ အမိုက်ဆုံးအရာကတော့ လမ်းဖြတ်ကူးနေတဲ့ မူလတန်းကျောင်းသားလေးနှစ်ယောက်ကို ရူးရူးမိုက်မိုက် စွန့်စားကယ်တင်လိုက်ခြင်းပဲ ဖြစ်တယ်။ သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် သူ၏ ရဲစွမ်းသတ္တိကို ပြသဖို့ရန် အောင်မြင်စွာ ကြိုးစားခဲ့တာပဲဖြစ်တယ်။ အဲ့ဒီလုပ်ဆောင်မှုကြောင့် သူလည်းပဲ အောင်မြင်စွာနဲ့ သေဆုံးသွားနိုင်ခဲ့တယ်။သူပြန်နိုးထလာတဲ့အခါမှာတော့ သူသည် ဇာတ်ကောင်ကို အကြိမ်ကြိမ် ဒုက္ခပေးခဲ့သော အမြောက်စာ ဗီလိန်အဖြစ် စာအုပ်ထဲသို့ ကူးပြောင်းသွားသည်ကို သိလိုက်ရပြီး နောက်ဆုံးတွင် ဇာတ်ကောင်ကို အကြိမ်ကြိမ် နှောက်ယှက်ခဲ့ခြင်းကြောင့် နောက်ဆုံးမှာ လမ်းဘေးတွင် အိပ်ရသည့်အခြေအနေသို့ တွန်းပို့ခံလိုက်ရလေတယ်။
သူ ငယ်စဥ်ကတည်းက သူ့အမေက သူ့ခန္ဓာကိုယ်က အရမ်းကိုနူးညံ့ကြောင်း ပြောပြဖူးလေတယ်။
လမ်းပေါ်မှာ မအိပ်နိုင်သော ဝမ်ကျစ်ချူး !!!!!
ဝမ်ကျစ်ချူး သည် ထိုဇာတ်လမ်း၏ဇာတ်ကွက်များနှင့် ပါဝင်ပတ်သတ်ခြင်းမရှိစေရန် ကြံစည်ခဲ့သော်လည်း မမျှော်လင့်စွာနဲ့ ဗီလိန်စနစ်တစ်ခု နှင့် ချိတ်ဆက် သွားခဲ့တယ်။ ဇာတ်လိုက်အား မူလဇာတ်ကွက်များအတိုင်း လိုက်လံ နှောက်ယှက်ခြင်းမပြုပါက ဗီလိန်စနစ်မှ သူ၏ချစ်လှစွာသော ပိုက်ဆံများအား နှုတ်ယူခြင်းဖြင့် အပြစ်ပေးခံရလေသည်။ ထိုသို့ဖြင့် သူသည် မူရင်းဇာတ်ကွက်ထပ်ပင် ပိုမိုစောစီးစွာ လမ်းဘေးတွင် အိပ်ရနိုင်ခြေရှိနေပြီဖြစ်သည်။
ဝမ်ကျစ်ချူး " - -
ဝမ်ကျစ်ချူး ဗီလိန်လျှောက်ခဲ့တဲ့လမ်းကြောင်းအတိုင်း သွားရန် တွန်းအားပေးခံရပြီးနောက် ဇာတ်လိုက်၏တောင့်တင်းသန်မာသော ခန္ဓာကိုယ်ကို တွေ့မြင်တိုင်း ခြေထောက်များ ကွေးညွှတ်ကျချင်နေပြီဖြစ်တယ်။ ဇာတ်လိုက်၏လက်သီးတစ်ချက်ကပင် ဝမ်ကျစ်ချူး နှစ်ယောက်ကို သတ်ပစ်ရန် လုံလောက်အောင် သန်မာလေသည်။ဗီလိန်တာဝန်-ဇာတ်လိုက်၏နေ့လည်စာကို ဖျက်ဆီးပါ။
YOU ARE READING
ဗီလိန်ဗျူဟာ
Romanceရှက်ကြောက်တတ်တဲ့ ဝမ်ကျစ်ချူး လုပ်ခဲ့တဲ့ ဘဝမှာ အမိုက်ဆုံးအရာကတော့ လမ်းဖြတ်ကူးနေတဲ့ မူလတန်းကျောင်းသားလေးနှစ်ယောက်ကို ရူးရူးမိုက်မိုက် စွန့်စားကယ်တင်လိုက်ခြင်းပဲ ဖြစ်တယ်။ သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် သူ၏ ရဲစွမ်းသတ္တိကို ပြသဖို့ရန် အောင်မြင်စွာ ကြိုးစာ...