[စနစ်: သင် ဘာပြောလိုက်တာ]
ဝမ်ကျစ်ချူး: "ငါပြောလိုက်တာ မင်းက နတ်သူငယ်လေးလို့"
[စနစ်: ငါတို့ စစတွေ့ချင်းမှာတင် သင့်အပေါ်မှာ ဒီလောက်အထင်ကြီးသွားမယ်လို့ မထင်မိဘူး။ ဒါဆို ငါ့နာမည်က နတ်သူငယ်လေး ပေါ့]
ဝမ်ကျစ်ချူး : ...
ဝမ်ကျစ်ချူးဟာ အဖြစ်မှန်ကို လက်ခံလိုက်ပြီးနောက်မှာ ဆိုဖာပေါ်မှာ ခဏလောက်ထိုင်လိုက်သည်။ ဒါပေမယ့် ကံကောင်းတာက သူ့မှာ အနည်းဆုံးတော့ နေစရာလေး ရှိသေးသည်။
အခန်းကို လိုက်ကြည့်ပြီးတဲ့နောက် ခွက်တွေနဲ့ပန်းကန်တွေရှုပ်နေတာကိုတွေ့တဲ့အခါ သူထပြီးတော့ အခန်းကို သန့်ရှင်းရေးလုပ် ဖို့ ကြိုးစားလိုက်သည်။ အဲ့လိုမှ မဟုတ်ရင် သူ့မှာ နေစရာတောင် ရှိမှာမဟုတ်ပေ။
ဝမ်ကျစ်ချူးဟာ အခန်းထဲမှာ သန့်ရှင်းရေးလုပ်ဖို့ ပစ္စည်းတွေ့လို တွေငြား လိုက်ရှာ ကြည့်လိုက်သော်လည်း အဆုံးမှာတော့ အိမ်သာ တစ်လုံးကိုသာ တွေ့လိုက်သည်။
[စနစ် : ကောင်လေး သင်ဘာလုပ်မလို့လဲ]
ဝမ်ကျစ်ချူးဟာ အင်္ကျီလက်မောင်းကို ဆွဲတင်လိုက်ပြီး "သန့်ရှင်းရေးလုပ်မလို့"
[စနစ် : သင်သာအခု ချက်ချင်း ဗီလိန်တာဝန်တစ်ခုကို ပြီးအောင်လုပ်မယ်ဆိုရင် ငါကူညီပေးလို့ရတယ်]
ဝမ်ကျစ်ချူးဟာ အိမ်သာကို ကြည့်လိုက်ရင်း နှုတ်ခမ်းကို တွန့်လိုက်သည်၊ သူအိမ်အလုပ်ကို အရင်က မလုပ်ဖူးဘူး ဆိုတာမျိုးတော့ မဟုတ်ပေမယ့် ဒီအိမ်ကတော့ အမှိုက်ပုံနဲ့ ဘာမှမခြားနားချေ။
သူခဏလောက်တော့ တွေးလိုက်ပြီး "ဘာတာဝန်လဲ"
[စနစ် : ဗီလိန်တာဝန် -၁၊ အိမ်နီးချင်းရဲ့တံခါးရှေ့ကိုသွားပြီး အမှိုက်တွေကို သွားပစ်ရမယ်။ တာဝန်ပြီးမြောက်သွားရင် ဗီလိန်တန်ဖိုးက ၁ ရာခိုင်နှုန်း တက်သွားလိမ့်မယ်။ ပြီးတော့ ဆုအနေနဲ့ သပ်ရပ်သန့်ရှင်းတဲ့ အိမ်တစ်လုံး ရမယ်]
ဝမ်ကျစ်ချူးမျက်နှာက အကြောသေ သွား၏။
[စနစ် : ပထမဆုံးတာဝန်က များသောအားဖြင့်တော့ လွယ်လွယ်လေးတွေပဲ ။ တာဝန်က ရိုးရှင်းတယ်။ တကယ်လို့ မင်းဘက်က ကျရှုံးခဲ့ရင်တောင်မှ ဘာပြစ်ဒဏ်မှ မရှိဘူး။ သင့်ကို ယုံကြည်တယ် ကောင်လေး]
YOU ARE READING
ဗီလိန်ဗျူဟာ
Romanceရှက်ကြောက်တတ်တဲ့ ဝမ်ကျစ်ချူး လုပ်ခဲ့တဲ့ ဘဝမှာ အမိုက်ဆုံးအရာကတော့ လမ်းဖြတ်ကူးနေတဲ့ မူလတန်းကျောင်းသားလေးနှစ်ယောက်ကို ရူးရူးမိုက်မိုက် စွန့်စားကယ်တင်လိုက်ခြင်းပဲ ဖြစ်တယ်။ သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် သူ၏ ရဲစွမ်းသတ္တိကို ပြသဖို့ရန် အောင်မြင်စွာ ကြိုးစာ...