Chapter 14

71 21 2
                                    


"လခွမ်း! မင်း အတည်ကြီး လုပ်နေတာလား"

လူစားထိုးတိုက်ခိုက်မည့်သူက အလန့်တကြားပဲ ဟစ်အော်လာ၏။

ချင်ကျားရှု အသက်ကို ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။ "မင်းမခံနိုင်တော့ရင် လူပြောင်းလိုက်"

"မင်း..." သူ ဒေါသတကြီး ထရပ်လိုက်သော်လည်း ချင်ကျားရှုအကြည့်ကြောင့် လေသံပြန်ပြောင်းလိုက်သည်။ "မင်းကသူဌေးဆိုတော့ လဲခွင့်ရှိတာပေါ့"

ထိုသူက ပညာသားပါပါ ထိုးသတ် နိုင်စွမ်းရှိပြီး ထိုးသတ်ဖို့သာ သိသည့် လူရမ်းကားလိုကောင်နှင့် ကြာကြာမထိုးသတ်လို၍ လူစားလဲရန် တောင်းဆိုလိုက်ပြီး နောက်တစ်ပွဲစသည့်အခါ ဝင်လာသည့်လူက အသားကုန်ထိုးမည်၊ ကန်မည်ကိုသာ သိသည့် ဆယ့်ရှစ်၊ဆယ့်ကိုးအရွယ်၊ လက်ဝှေ့ထိုးနည်းမသိသေးသည့် လူတစ်ယောက်ဖြစ်နေသည်။

ကျိဖုန်းချန်မှာတော့ တစ်ခြားသူများနှင့်ပင် လေလုံးထွားနေခဲ့ပြီး ထိုနေရာမှ ပြောင်းလဲမှုအချို့ကြောင့် အံ့အားသင့်သွားခဲ့သည်။ ကွင်းထဲရှိ ချင်ကျားရှုဖက်ကို မျက်ခုံးပင့်ကြည့်လိုက်သည်။ သူ့ပြိုင်ဖက်၏ အကွက်များက သေသပ်လှပြီး ဟာကွက်မရှိတာကြောင့် စိတ်ထဲ ကလိကလိဖြစ်လာသည်။

သူ လက်ဝှေ့စင်နားသို့ သွားရပ်ရင်း စိန်ခေါ်လိုက်သည်။

"ဟေး..လောင်ချင်၊ ငါ မင်းနဲ့ပြိုင်မယ်"

ချင်ကျားရှု မျက်ခုံးအနည်းငယ် ကြုံ့သွားသည်။

ကျိဖုန်းချန် ကိုယ့်အမြီးကိုယ် တက်နင်းလိုက်တာဖြစ်သည်။ "မင်းဘယ်လိုကြီး ကြည့်လာတာလဲ"

ချင်ကျားရှု သူ့လက်ဝှေ့ပက်တီးလက်ပတ်များကို ပတ်နေရင်း ပြောလိုက်သည်။

"မင်းဟာမင်းသာ ကြွားလုံးသွားထုတ်နေပါ။ မဟုတ်ရင် အရိုးတွေ ပြာဖြစ်ကုန်မယ်"

ကျိဖုန်းချန် ချင်ကျားရှုကို လက်ညိုးထိုးရင်း ကျိန်ဆဲလိုက်သည်။

"ခွေးကောင်၊ မင်းငါ့ကို အထင်သေးတာလား"

"မဟုတ်ပါဘူး"

ဗီလိန်ဗျူဟာWhere stories live. Discover now