Chapter 12

96 20 0
                                    


ထီးဖွင့်လိုက်သည့်အချိန်တွင် လောကကြီးတစ်ခုလုံးပျောက်ကွယ်သွားသကဲ့သို့ တိတ်ဆိတ်မှုကြီးက လွှမ်းမိုးသွားသည်။

ဝမ်ကျစ်ချူးမှာလည်း နေကိုတိုက်ရိုက်ကြည့်မိသူလို မျက်စိအားမှေးချလိုက်သည်။

တီကျား၊ ဂိုက်ရာ နဲ့ ထိုက်လော် တို့က ပြုံးပြုံးကြီး ကြိုဆိုနေသောကြောင့်ပင်။

[T/N : တီကျား၊ ဂိုက်ရာ နဲ့ ထိုက်လော် ဆိုတာ အာထရာမန်းတွေရဲ့ နာမည်ပါနော်]

ဝမ်ကျစ်ချူးကတော့ ထိုအာထရာမန်း များကိုမကြိုက်ဘဲ တီကျားကိုသာကြိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူ့အဖော်များ အားလုံး တစ်ခြားဟီးရိုးများကို ရွေးသွားသောကြောင့်ဖြစ်သည်။

သူ ခေါင်းစောင်းကြည့်လိုက်သည့်အချိန်တွင် ချင်ကျားရှု တစ်ကိုယ်လုံးအတောင့်လိုက် ဖြစ်နေသည်ကို အသေအချာခံစားမိလိုက်သည်။

တည်ကြည်လှသည့် ကျားရှု၏မျက်နှာတွင် အံ့ဩဟန်ပေါ်ရန်မှာ အလွန်‌ ကြုံတောင့်ကြုံခဲ ကိစ္စတစ်ရပ်ပင်။ နူးညံ့ပြီး ကြောင်သူတော်ကဲ့သို့ဟန် ဖို့ထားသည့်မျက်လုံးများတွင်လည်း မမျှော်လင့်ထားသည့် ကိစ္စကြုံလိုက်ရသဖြင့် ပြူးကျယ်ကုန်သည်။

ထီးကိုင်လျက်တန်းလန်းဖြင့် ချင်ကျားရှု အတန်ကြာအောင် မလှုပ်မယှက်ရပ်နေ၏။

သူ့ဦးနှောက်လည်း စဉ်းစားနိုင်စွမ်းမရှိတော့၊ စိတ်တစ်ခုလုံးလည်း ပိတ်ပိတ်ပိန်းအမှောင်ကျသွားလေပြီ။

အပြင်မှ မိုးချုန်းသံများလည်း ရပ်တန့်သွားသကဲ့သို့ တိတ်ဆိတ်မှုက သူ့နားစည်ကို လာခြောက်လန့်နေ၏။

ထီးလက်ရမ်းကိုကိုင်ထားသည့် လက်များက သတိမမူမိစွာတင်းကြပ်နေသည်။

လက်ကောက်ဝတ်မှာ တင်းကြပ်နေပြီး အတင်းဖိထားသဖြင့် လက်တို့တုန်ရီနေသည်။

ဆောက်တည်လာသည့် ဂုဏ်ပုဒ်တို့ ထိုထီးတစ်လက်ကြောင့်နှင့် အပြင်ကမိုးရေထဲ အကုန် သွန်ချလိုက်သလိုပင် ဖြစ်သွားလေသည်။

ဘေးက ဌာနမှူးမှာ သူ့ဆီလာရင်း ပုခုံးကိုပုတ်သွားသည်။

"မင်းက ကလေးဆန်လိုက်တာ။"

ဗီလိန်ဗျူဟာWhere stories live. Discover now