Chapter 16

189 36 0
                                    

စုန့်ပင်း နှလုံးတစ်ခုလုံး အပြင်ခုန်ထွက်မတတ် ရင်တုန်ပန်းတုန်ဖြစ်သွားပြီး ပြောစရာစကားလည်း ပျောက်ရှသွားသည်။

"မင်း....မင်း"

စုန့်ပင်း တင်မကဘဲ ထိုခေါ်သံကြောင့် အတန်းထဲမှ တစ်ခြားကျောင်းသားများပါ အထိတ်တလန့်ဖြစ်ခဲ့ကြ၏။ ဘုရားကယ်သည်က ဖုန်းများစက်ပိတ်ထားခဲ့ကြခြင်းပင်။

မဟုတ်လျှင် ဝမ်ကျစ်ချူး၏ စီရီခေါ်သံကြောင့် တစ်ခန်းလုံးဖုန်းသံများထမြည်တော့မည့်အဖြစ်။

သင်္ချာဆရာ မျက်နှာမဲကြီးဖြင့် ရှေ့သို့လျှောက်လာသည်။ "ထုတ်လိုက်"

ဆရာ့အမိန့်စကားကြောင့် စုန့်ပင်း ခေါင်းမမာနိုင်တော့ဘဲ စားပွဲခုံထဲမှထုတ်ပေးလိုက်ရ၏။ အံတကြိတ်ကြိတ်ဖြင့် ဝမ်ကျစ်ချူးကို ခိုးခိုးကြည့်ရသည်ကလည်း အ‌မော။

" ဒီစာသင်နှစ် တစ်ဝက်ကုန်မှ မင်းမိဘတွေခေါပြီး ငါ့ဆီက လာထုတ်ခိုင်းလိုက်မယ်ကြားလား"

"ဟုတ်ကဲ့ဆရာ"

"ပြီးတော့ ဝမ်ကျစ်ချူးကို တောင်းပန်လိုက်"

စုန့်ပင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း တောင်းပန်လိုက်ရသည်။ "တောင်းပန်ပါတယ်"

အတန်းဆက်မစခင် သင်္ချာဆရာ၏ ဩဝါဒခြွေမှုတစ်ချို့ကို ခံယူလိုက်ကြရပြီး ဝမ်ကျစ်ချူးလည်း သူ့ခုံသူ ပြန်ထိုင်ကာ ခေါင်းတငုံ့ငုံ့ဖြင့် သင်ပုန်းမှ ဖော်မြူလာများကို ရေးနေ၏။

[စနစ်: ဟဲလို]

"??"

[စနစ်: ဟိုင်း]

"နောက်အတန်းက အင်္ဂလိပ် စာအချိန်ပဲ

[စနစ်: ဟိုင်း]

ဝမ်ကျစ်ချူး မျက်တောင်တခတ်ခတ်ဖြင့် နားမလည်စွာပင် နတ်သူငယ်လေးကိုခေါ်လိုက်သည်။ "နတ်သူငယ်လေး"

[စနစ်: ဟိုင်း ! နတ်သူငယ်လေးပါ!]

"ဟိုင်း နတ်သူငယ်လေး"

[စနစ်: ဘာဖြစ်လို့လဲ]

"ဘာလို့ စကားတွေကိုထူးထူးဆန်းဆန်းတွေပြောနေတာလဲ"

ဗီလိန်ဗျူဟာWhere stories live. Discover now