ဝမ်ကျစ်ချူး : ! ! !
ထိုအဖြစ်အပျက်ကို မမျှော်လင့်ထားသည့် ဝမ်ကျစ်ချူးတစ်ယောက် ပါးစပ်ထဲ ဝီစီတန်းလန်းနှင့် မျက်လုံးများအပြုးသားဖြင့် အတော်ထိတ်လန့်သွားလေသည်။
ယခု ဘယ်သူက ကြောက်သွားလို့ ထိုဗီလိန် ရမှတ်ရသွားတာလဲ?
သူပါးစပ်ထဲက ဝီစီကို ကပျာကယာထုတ်ရင်း ချင်ကျားရှုကို စိုးရိမ်တကြီးမေးလိုက်သည်။ "မင်း...မင်းအဆင်ပြေရဲ့လား"
ချင်ကျားရှုမျက်နှာမှာ မဲမှောင်လို့နေသည်။ ဒီနေ့က ပြဿဒါးနေ့ကိုမှ အဲ့ဒီအရှုပ်ထုပ်ပါ ထပ်ပေါင်းထည့်ထားသည့် မဟာပြဿဒါးနေ့ ဖြစ်လေသဖြင့် သူဘာမှမပြောချင်တော့။
အံကိုသာ တင်းတင်းကြိတ်ရင်း မေးလိုက်သည်။ "ဒီမှာဘာလုပ်နေတာလဲ"
"မင်းကို စပရိုက်တိုက်ချင်လို့ပါ"
ပထမနေရာ လုခံထားရတဲ့ ချင်ကျားရှု : ....
ဘာစပရိုက်လဲ၊ ရှော့ခ်ရစရာနဲ့ စပရိုက်နဲ့ ခွဲမှခွဲ တတ်ရဲ့လား?
ထိုကိုးရို့ကားယား နိုင်လွန်းသည့် အခြေအနေထဲ ဝမ်ကျစ်ချူး ဖန်တီးပေးခဲ့သည့် ကြမ်းပြင်ပေါ်ကျနေသောဖဲပြားများကိုကြည့်ရင်း သူ့ရှေ့က လူဆီပါကြည့်လိုက်သည်။
ထိုကောင်လေးက လက်သီးဆုပ်ရင်း ခေါင်းငုံ့အလေးပြုနေ၏။ ယခင်ကလည်း ဒီလို ရှိုးတိုးရှန်းတန်း ဖြစ်ဖြစ်သွားသည့်ဟန်ကို မြင်ဖူးပေါင်းမနည်းတော့ချေ။
ချင်ကျားရှု သူ့စိတ်က ကိုယ်ပိုင်ခံစားချက်ကို အနည်းငယ် နားလည်သလို ဖြစ်သွားသဖြင့် မျက်မှောင်ကျုံ့သွားသည်။ သူ ထိုငနဲလေးအပေါ် အာရုံစိုက်နေမိသည့် ခံစားချက်ကို မနှစ်မြို့လှ။
တစ်ဖက်သူ စိုက်ကြည့်နေသည်ကို ခံစားမိသဖြင့် ဝမ်ကျစ်ချူး အသက်ရှု မချောင်တော့။ ကျောင်းထဲ ချင်ကျားရှု၏ပုံစံအမှန်ကို သိသူရှားသည့်အထဲမှ ထိုရှားပါးထဲ ဝမ်ကျစ်ချူး လည်းပါဝင်သဖြင့် ချင်ကျားရှု ဒေါသကို အတိုင်းသား ခံစားမိနေသည်။
ဝမ်ကျစ်ချူး သူ့လျှို့ဝှက်ချက်ကို သိသည့်တိုင် ချင်ကျားရှု မမှု။ တစ်ဖက်သူ စကားဖြန့်လျှင်ရော မည်သည်က ယုံမည်တဲ့လဲ။
YOU ARE READING
ဗီလိန်ဗျူဟာ
Romanceရှက်ကြောက်တတ်တဲ့ ဝမ်ကျစ်ချူး လုပ်ခဲ့တဲ့ ဘဝမှာ အမိုက်ဆုံးအရာကတော့ လမ်းဖြတ်ကူးနေတဲ့ မူလတန်းကျောင်းသားလေးနှစ်ယောက်ကို ရူးရူးမိုက်မိုက် စွန့်စားကယ်တင်လိုက်ခြင်းပဲ ဖြစ်တယ်။ သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် သူ၏ ရဲစွမ်းသတ္တိကို ပြသဖို့ရန် အောင်မြင်စွာ ကြိုးစာ...