ဝမ်ကျစ်ချူး ထိုမိတ်ဆက်စာကြောင့် လက်ကတွန့်ခနဲဖြစ်သွား သည်။ အလိုက်ကမ်းဆိုးမသိစွာပင် သူ့ကို ဒုတိယဘိတ်ချီးက ရှေ့တစ်လှမ်းတိုးရင်းမေးသည်။ "ဘာလို့လက်မခံသေးတာလဲ"
"မင်းမှာ အဲ့လိုမေးရဲတဲ့ သတ္တိရှိသေးတယ်ပေါ့"ဟူသည့် စာတန်းကြီး ဝမ်ကျစ်ချူးမျက်နှာထက် အထင်းသားပေါ်နေလေသည်။
ဒုတိယဘိတ်ချီးမှာတော့ ဝမ်ကျစ်ချူးလည်ပင်းကို လှမ်းဖက်ရင်း သူ့ခံစားချက်အား ထုတ်ပြရှာပါ၏။ "မင်းမျက်နှာကြီးက ဘယ်လိုဖြစ်နေတာလဲ။ မိသားစုဆိုတာ ကမ္ဘာပေါ်မှာ အခိုင်မာဆုံး ဆက်ဆံရေးဆိုတာ ပြောပြချင်လို့ အဲ့လိုပို့လိုက်တာကွ"
ဝမ်ကျစ်ချူး : "......"
သူ့ရှင်းပြချက်က မှန်မှန်မမှန်မှန် ဝမ်ကျစ်ချူးလက်ခံလိုက်ရ၏။
....
ကျောင်းဝတ်စုံကိုကိုင်သွားသည့် ချင်ကျားရှု စာသင်ဆောင်သို့ပြန်လာသည့်တိုင် အခန်းဆီ တည့်တည့်မသွားပဲ အခန်း ၆ ပြတင်းပေါက်ဖက် ဖြတ်လျှောက်လာသဖြင့် သူ့ဝတ်စုံကို ဖျက်ဆီးခဲ့သူမှာ တုန်ခနဲအထိတ်တလန့်ဖြစ်သွား၏။
ပုံမှန် နူးညံ့ညင်သာလေ့ရှိသည့် မျက်လုံးများက ခက်ထန်မာကြောနေပြီး အတန်းဖော်ကို ပုရွက်ဆိတ်တစ်ကောင်လို ကြည့်လိုက်သဖြင့် အတန်းဖော်မှာ ချက်ချင်းခေါင်းငုံ့သွားပြီး နဖူးထက်ဇောချွေးများ ချက်ချင်းပြန်လာသည်။
ချင်ကျားရှု ထိုသူ့ကိုတစ်ချက်ကြည့်ရင်း သူပေးခဲ့သည့် နောက်ဆုံးအခွင့်အရေးကို မဖမ်းဆုပ်ခဲ့မိမှန်း သိလိုက်ချေပြီ။
ထိုအတန်းဖော်မှာ ခေါင်းကိုသာ တွင်တွင်ငုံ့ထား၏။ သူ့နဖူးထက်တွင် မူလတံခါးနှင့် တိုက်မိသည့်ဒဏ်ရာပေါ်တွင် လမ်း၌အပြေးပြန်လာခဲ့ရသည့် အတွက် အလဲလဲအကွဲကွဲဖြင့် ချော်လဲ၍ ဆောင့်မိခဲ့သည့် ပြာတာတာ ဒဏ်ရာများက ဖုံးထားပြီး လက်ဖျံတွင်လည်းပွန်းရာများက သွေးစို့နေဆဲပင်။
သူအားတင်းကာ ပြတင်းပေါက်ဆီ ပြန်ကြည့်လိုက်ချိန်တွင် ချင်ကျားရှုရှိ မနေတော့သဖြင့် အတန်းဖော် ရင်ဘတ်ထဲ ဒိုင်းခနဲ နှလုံးခုန်နှုန်းများ စောင့်တက်သွားသည်။ တစ်ဖက်သူ သူ့အကြောင်း ရုံးခန်းထဲ သွားတိုင်နေမလားမသိချေ။ ဖြစ်နိုင်ချေများကို စဉ်းစားမိသည်နှင့် စိတ်ထောင်းကိုယ်ကြေဖြစ်ကာ ချိန်ကိုက်ဗုံးတစ်လုံး ဖင်ခုထိုင်မိသလို ဖြစ်နေချေသည်။
![](https://img.wattpad.com/cover/374824446-288-k352009.jpg)
YOU ARE READING
ဗီလိန်ဗျူဟာ
Romanceရှက်ကြောက်တတ်တဲ့ ဝမ်ကျစ်ချူး လုပ်ခဲ့တဲ့ ဘဝမှာ အမိုက်ဆုံးအရာကတော့ လမ်းဖြတ်ကူးနေတဲ့ မူလတန်းကျောင်းသားလေးနှစ်ယောက်ကို ရူးရူးမိုက်မိုက် စွန့်စားကယ်တင်လိုက်ခြင်းပဲ ဖြစ်တယ်။ သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် သူ၏ ရဲစွမ်းသတ္တိကို ပြသဖို့ရန် အောင်မြင်စွာ ကြိုးစာ...