Chapter 23

160 31 0
                                    

ထိုခေါင်းစဉ်ကိုကြည့်ရင်း အဂ်လိပ်စာအသင်းခေါင်းဆောင်ဆရာ၏ဒေါသကို ရုတ်တရက် နားလည်သွားသလိုပင်။ စာစီစာကုံးပြိုင်ပွဲမဟုတ်ပဲ လက်တွေ့ဘဝက ပြိုင်ပွဲတစ်ခုဖြစ်ကြောင်း သိသာပေါ်လွင်နေသည်။

ချင်ကျားရှုမိသားစုနောက်ခံက အတော်ကျော်ကြားသည်ဖြစ်ပြီး သူတို့ကုမ္ပဏီမှာ နိုင်ငံတကာနှင့် ချိတ်ဆက်ထားသည့် ကုမ္ပဏီတစ်ခုဖြစ်သကဲ့သို့ မိခင်ဖြစ်သူမှာ နိုင်ငံရေးသမားဖြစ်ပြီး အဖိုးဖြစ်သူမှာလည်း ကျော်ကြားသည့်ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

သူသာ လိုချင်ခဲ့လျှင် သူ့မိသားစုနောက်ခံကို သုံးပြီးအရယူဖို့ရာ ခက်ခဲမည်မဟုတ်။ သို့သော် ချင်ကျားရှု သူကိုယ်တိုင်ကျားကုတ်ကျားခဲ ကြိုးစားခဲ့ပေသည်။

[စနစ်: အောက်လမ်းနည်းဆိုတာဘာကိုပြောတာလဲ?]

"အလိမ်အညာတွေကိုပြောတာ"

[စနစ်: အဲ့ဒါတွေက မုန်းဖို့ကောင်းတာလား?]

နားမလည်သည့် နတ်သူငယ်လေးကို အရှင်းဆုံးဥပမာဖြင့်ရှင်းပြလိုက်သည်။ "ငါ့ငွေတွေအခိုးခံရတာနဲ့အတူတူပဲ"

[စနစ်:ဒါဆို သူ‌တောင်းစားတွေ အားလုံး ဓားပြတိုက်ခံရရင်ရော အဓိပ္ပာယ်မရှိတာ မဟုတ်ဘူးလား?!]

အာ!!

ထိုအချိန် အင်္ဂလိပ်စာအခန်းထဲ၌ ဆရာများမှာ မျက်နှာကျက်ပေါ်က တွဲလောင်းကျနေတဲ့ ရှေးဟောင်းပန်ကာကြီးလိုပင် ဟိုပြေးဒီပတ်ဖြင့်ရှုပ်နေကြ၏။

"ဘယ်လိုလုပ်ရပ်မျိုးလဲ"

"ဆရာလီ၊ စိတ်လျော့ပါ။ ကျားရှု ပထမဆု မရလိုက်ပေမဲ့ ထောက်ခံစာရပါတယ်။ ဆုကအရေးကြီးပေမဲ့ ချင်ကျားရှုအတွက် အသေးအဖွဲ့လောက်ပါပဲ။ ဘာပြဿနာမှမရှိရင် ကျားရှုလိုကလေးအတွက် အရမ်းစိုးရိမ်နေဖို့ မလိုလောက်ပါဘူး"

"ငါစိတ်တိုနေတာ အဲ့လိုအာမခံချက်တွေ၊ ထောက်ခံစာတွေကြောင့်မဟုတ်ဘူး။ ငါ့ကလေးရသင့်တာကြီး အလုခံလိုက်ရလို့။ အလုခံရတယ်ဆိုတဲ့စကားရောသိကြရဲ့လားမသိ။ လူ့တိရိစ္ဆာန်တွေ"

ဆရာလီ သူ့ဒေါသကြောင့် လည်ပင်းကြောများထောင်နေပြီး အသံကလည်း အီးညစ်နေသည့်အသံလိုပင်။

ဗီလိန်ဗျူဟာWhere stories live. Discover now